
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းနိုင်ငံထံ ပြန်ပေးသင့်ပြီး ပိုင်နက်နယ်မြေ အလျှော့ပေးမှု တွေ ရှိလာမှာမဟုတ်ဖူးလို့ ယူကရိန်း အမြဲတမ်းကိုယ်စားလှယ် အိုလာကူရီရှ်ကိုက ပြောပါတယ်။
ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို တစ်ဖက်သတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ မတ်လ ၁၈ ရက်က ၁၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ယူကရိန်းသမ္မတရဲ့ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အိုလာကူရီရှ်ကိုက ကိယက်ဗ်မြို့တော်မှာ NHK သတင်းဌာနကို အခုလို ပြောကြားခဲ့တာပါ။
ယူကရိန်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မတိုင်မီကလို ခရိုင်းမီးယားဒေသကို ပြန်ရနိုင်ဖွယ်မရှိဘူးလို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။
ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံထံ ပြန်ပေးသင့်ပြီး ခရိုင်းမီးယားပြည်သူတွေဟာ လွတ် မြောက်လိုကြတယ်လို့ အိုလာကူရီရှ်ကိုက ဆိုပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နယ်မြေအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ခရိုင်းမီးယားဒေသရှိ ရှေးဟောင်းမြို့တော်တစ်ခုကို ပျက်စီးစေတဲ့ ရုရှားနိုင်ငံကို ၎င်းက ရှုတ်ချခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ခရိုင်းမီးယားဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုတွေကို မောင်းထုတ်မယ့်မူဝါဒကို စ နစ်တကျ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်အပေါ် စိုးရိမ်မိကြောင်း အိုလာကူရီရှ်ကိုက ထုတ်ဖော်ပြောခဲ့ ပြီး လွန်ခဲ့သော ၁၁ နှစ်က ရုရှားနိုင်ငံ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက မေ့ပျောက်သွားမှာကို ကြောက်ရွံ့တယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; Ukraine’s permanent representative says Crimea should be returned to Ukraine
#Ayeyarwaddy_Times