
ဧရာ၀တီတိုင်းမ်
မတ်လ ၂၀ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မီးသတ်ထပ်ဖွဲ့က သီပေါမြို့တွင် မတ်လ ၁ ရက်နေ့မှစတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုတွင် မီးဘေးကြိုတင်အသိပညာပေး ဆော်သြမှုများပြုလုပ် နေကြောင်း သိရသည်။
ခြောက်သွေ့ရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးကြွင်းကျန် မပေါ့ဆရန်၊ မိမိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေခါးများထားရှိရန်၊ မီးဖိုအနီး လောင်စာဆီများ၊ ဂတ်(စ်)မီးခြမ်းများထားရှိခြင်းမပြုရ စသည့် မီးသတိပြုစည်းကမ်း (၂၂) ချက်ကို PSLF/TNLA ၏ မီးသတ်ထပ်ဖွဲ့က လိုက်လံနှိုးဆော်နေခြင်းဖြစ်သည်။
အဆိုပါ မီးဘေးစည်းကမ်းချက်များကို ဒေသခံပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှုများမရှိပါက ထိရောက်စွာ အရေးယူမည်ဟု PSLF/TNLA ၏ မီးသတ်ထပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားသည်။
ရှမ်ပြည် (မြောက်ပိုင်း) တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၄င်းတို့ထိမ်းချုပ် သိမ်းပိုက်ခဲ့သည့်မြို့နယ်များတွင်TNLA က တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရား အကောင်အထည်ဖော်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – PSLF/TNLA
#Ayeyarwaddy_Times #TNLA #သီပေါ