ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး မကြာခဏပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေကို တိုက်ခိုက် မှုအဖြစ် ရုတ်တရက် ပြောင်းလဲလာရင် ထိုင်ဝမ်က တပ်ဖွဲ့တွေကို မြန်ဆန်စွာ ရွှေ့ပြောင်းမယ့်စွမ်းရည်ကို မြှင့်တင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ရုတ်တရက် တိုက်ခိုက်လာရင် တပ်ဖွဲ့တွေကို မြန်ဆန်စွာ ရွှေ့ပြောင်းမယ့် “အမြန် တုံ့ပြန်ခြင်း စစ်ရေးလေ့ကျင့်မှု” ကို တနင်္လာနေ့မှာ စတင်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု စတင်တဲ့ရက်ဟာ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးရဲ့ ခွဲထွက်ရေးဝါဒအတွက် အ ပြစ်ပေးမှုဖြစ်တဲ့ တရုတ်က ထိုင်ဝမ်အနီးသို့ တိုက်လေယာဉ် ၅၉ စင်းနဲ့ စစ်သင်္ဘောတွေ စေလွှတ်မှုနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။

“တရုတ်စစ်တပ်အတွက် စစ်ရေးလေ့ကျင့်မှုတွေကနေ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲဖို့က အရင် ကျွန်တော်တို့ ထင်မြင်ခဲ့သလို အချိန်အများကြီး မလိုအပ်ပါဘူး။ ကျွန်တော်တို့ ရန်သူရဲ့ အဆိုးဆုံးအခြေ အနေအတွက် ပြင်ဆင်ထားရပါမယ်” လို့ ဝယ်လင်တန်ကူက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ ထောက်လှမ်းရေးသတင်းနဲ့ ခြိမ်းခြောက်မှု အကဲဖြတ်ချက်တွေအပေါ် မူ တည်လိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“နိုးနိုးကြားကြားမရှိလို့ တစ်စုံတစ်ရာ ဖြစ်ပျက်လာရင် ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်တပ်ဖွဲ့က တိုင်ပေမြို့ပြင်ရှိ အရေးကြီးဆိပ်ကမ်းတစ်ခုအနီး ကမ်းတက်အတားအဆီးတွေ တပ်ဆင်ကာ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်တွေ ဖြန့်ကြက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပျှမ်းမျှ ၁၀ ရက်ခန့် တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေသုံးပြီး ထိုင်ဝမ်ကျွန်း အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်ဝမ် လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – Reuters
Ref; Taiwan practices to mobilise troops fast if China drills turn into attack

#Ayeyarwaddy_Times