
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀က်ကုန်းကျေးရွာ အုပ်စုအနီးရှိ ရခိုင်ရိုးမအစပ်နေရာကို မတ်လ ၁၈ရက်နေ့ည ရှစ်နာရီခန့်က စစ်ကောင်စီမှလေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် လေးမျက်နှာမြို့နယ်အတွင်းရှိ ချင်းလယ်ကျေးရွာနှင့် စက်စက်ယိုကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီအထိနာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
“၀က်ကုန်းကျေးရွာ အုပ်စုထဲကကျေးရွာငယ်လေးတွေအနားမှာပဲ ဗုံးတွေကျတာ အခြားရွာတွေကတောင်ကြားရတယ်။ ရွာခံတွေလည်းစစ်ဘေးရှောင်နေတာနေ့တိုင်းပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပြီးခံသည့် မတ်လ ၁၇ရက်နေ့က ၀က်ကုန်းကျေးရွာအုပ်စုအနီးရှိ သစ်တောများအတွင်း အာရက္ခတပ်တော်AAနှင့် ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်ကိုတွေ့ရှိကြောင်း စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်တွင်ဖော်ပြပြီးနောက် ယခုကဲ့သို့ ဗုံးကြဲခံရခြင်း ဖြစ်နိုင်ကြောင်းဒေသခံများမှ သုံးသပ်ပြောဆိုသည်။
လေးမျက်နှာမြို့နယ် ၊ပုသိမ်-မုံရွာကားလမ်း ရခိုင်ရိုးမတောအစပ်အတွင်း မတ်လ (၁၇)ရက်နေ့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်AAပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အနီးရှိကျေးရွာ အုပ်စု ငါးစုမှဒေသခံတစ်ထောင်နီးပါး စစ်ဘေးရှောင်နေရကြောင်းသိရသည်။
#လေးမျက်နှာမြို့နယ် #ရခိုင်ရိုးမအစပ် #စစ်ကောင်စီ #လေယာဉ်ဖြင့်ဗုံးကြဲ #Ayeyarwaddy_Times