ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဝီဂါလူမျိုး အယောက် ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆာင်ခဲ့သည့်အတွက် မေရိကန်နိုင်ငံသို့ သွားလာခွင့်ဗီဇာ တားမြစ်ခြင်းခံထားရသည့် ထိုင်းအရာရှိများစာရင်းတွင် မိမိပါဝင်ခြင်း ရှိမရှိကို မသိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်သည် ယမန်နေ့ မတ် ၁၈ ရက်နေ့က အဆိုပါအမေရိကန်၏ ဆုံးဖြတ်ချက်နှင့် ပါတ်သတ်ပြီး မီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး သူမပါ၀င်ခြင်းရှိမရှိ မေးမြန်းခံရသည့်အခါတွင် “အတည်ပြုချက် မရှိသေးပါ။ ကျွန်မ မသိရှိသေးပါ” ဟု ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပိုမိုရှင်းလင်းမှုရှိ‌စေရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်လက် ရှင်းလင်းပြောကြားပေးမည်ဖြစ်ပြီး ထိုင်းသည် အမေရိကန် နှင့် ပြဿနာများမရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်းတွင် ဆယ်စုနှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် လူမျိုးစုကို မူလနိုင်ငံပြန်ပို့ရာတွင် ၎င်းတို့လုပ်‌ဆောင်ပေးရမည့် တာဝန်ဝတ္တရားများကို အကောင်းဆုံးဖြည့်ဆည်းခဲ့သည်ဟုလည်း သူမက ပြောဆိုခဲ့သည်။

“ကျွန်မတို့ ဒီကိစ္စကို ဆွေးနွေးသွားမှာဖြစ်သော်လည်း ဒါဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ” ဟု ထိုင်းဝန်ကြီးချုပ်က ၎င်းတို့လုပ်ဆောင်ချက်နှင့် ပါတ်သတ်ပြီး ဖြစ်လာနိုင်သည့်အကျိုးဆက်များကို လျော့ပေါ့ ပြောဆိုခဲ့သည်။

တရားရေးဝန်ကြီး ရဲမှူးကြီး Tawee Sodsong ကလည်း ထိုင်းနိုင်ငံ တရားဥပဒေဆိုင်ရာကန့်သတ်ချက်များ အားလုံးကို အလေးထားပြီး ပြန်လည့်ပို့ ဆောင်ခြင်းခံလိုက်ရသည့် ဝီဂါလူမျိုးများမှာ ၎င်းတို့မိခင်နိုင်ငံတွင် နှိပ်စက်ခံရခြင်း နှင့် သေဒဏ်ပေးခြင်းခံရမည် မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

ဝီဂါလူမျိုးများကို ၎င်းတို့အတွက် အန္တရာယ်ရှိနိုင်သည့် တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းအပေါ် အမေရိကန်ကရှုံ့ချခဲ့ပြီး ကအဆိုပါဖြစ်စဉ်တွင် အဓိကတာဝန်ရှိသည့် ထိုင်းအာဏာပိုင်နှင့် မိသားစုဝင်အချို့ကို အမေရိကန်သို့ ဝင်ရောက်ခွင့်ဗီဇာကိုပိတ်ပင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုးကား-Bangkok Post

#Ayeyarwaddy_Times