ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်တိုက်ခံရပြီး စစ်ကောင်စီတပ်သား သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၇ ရက် နေ့လည် ၃ နာရီကျော်ခန့်တွင် ခမရ ၁၅ အရှေ့ စစ်ကောင်စီတပ်သား ၂၀ ခန့်ရှိသည့် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ မှတပ်ဖွဲ့ထံမှ သိရသည်။

“ပြောက်ကျားနည်းစနစ်နဲ့ အနီးကပ်တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ ဒီကောင်တွေက ဆက်ကြေးကောက်တာတွေ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်းရှိတယ်။ မြင်းခြံမြို့ရဲ့ မြို့စောင့်တပ်သဘောမျိုးလည်း ဖြစ်တယ်။ မြင်းခြံမြို့ရဲ့ ဝင်လမ်းထွက်လမ်း နေရာတစ်ခုလည်းဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေသွားပြီး ဒဏ်ရာရတွေလည်းရှိတယ်”ဟု Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြော သည်။

၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး‌နောက် မြင်းခြံမြို့တောင်ဘက်ရှိရွာများကို စစ်ကောင်စီတပ်မှ လက် နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ထိခိုက်မှုမရှိကြောင်း ဗိုလ်မိုက်ခဲထံမှ သိရသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သည့် Anyar Federal Task Force – AFTF၊ ဝံပုလွေပြောက်ကြားအဖွဲ့တို့မှ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မန္တလေး #မြင်းခြံ #ခမရ၁၅ #တပ်ရင်း #စစ်ရေးဂိတ် #တော်လှန်ရေး #ပူးပေါင်းတပ် #တိုက်ခိုက် #စစ်ကောင်စီတပ်သား #သေဆုံး #MBT #Ayeyarwaddy_Times