ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

တရုတ်ရဲ့ သူလျှိုလုပ်မှုကို လက်တုံ့ပြန်မယ့် ထိုင်ဝမ်ရဲ့အစီအစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ က ထောက်ခံမယ်လို့ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်က အရိပ်အမြွက်ပြောပါတယ်။

ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျု့ ညွှန်ကြားရေးမှူး ရေမွန်ဂရင်းဟာ ထိုင်ဝမ်သမ္မတ လိုင်ချင် တေးနဲ့အတူ တနင်္လာနေ့က တိုင်ပေမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဖိုရမ်တစ်ခုမှာ အခုလို ပြော ကြားခဲ့တာပါ။

အာဏာရှင်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေ၊ စိန်ခေါ်မှုတွေကို လက်တုံ့ပြန်ဖို့ ထိုင်ဝမ်က ဒီမိုကရေစီမိတ် ဖက်တွေနဲ့အတူ ကြိုးပမ်းသွားမယ်လို့ လိုင်ချင်တေးက ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား ထိုင်ဝမ်စစ်ဘက်အရာရှိတွေကို တရုတ်နိုင်ငံအ တွက် သူလျှိုလုပ်မှုနဲ့ စွဲချက်တင်ပြီးနောက် ထိုင်ဝမ်အစိုးရက တရုတ်ရဲ့သူလျှိုလုပ်မှုကို ကိုင်တွယ်ဖြေရှင်း ဖို့ ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ၎င်းက ကြေညာခဲ့ပါတယ်။

“တရုတ်ရဲ့ သူလျှိုလုပ်မှုနဲ့ သြဇာလွှမ်းမိုးရေး လုပ်ဆောင်ချက်တွေကို ဖြိုခွင်းဖို့ သမ္မတ လိုင်ချင် တေးရဲ့အစီအစဉ်ကြောင့် ကျွန်တော်တို့ရဲ့ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့စွမ်းရည် တိုးမြှင့်စေမှာပါ” လို့ ရေမွန်ဂရင်းက ပြောပါတယ်။

စီးပွားရေးနယ်ပယ်မှာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုက ထိုင်ဝမ်နဲ့ အမေရိကန်ကို ပိုမိုအင်အား တောင့်တင်းစေပြီး ဘေးကင်းလုံခြုံစေကာ သာယာဝပြောစေမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းအ တွက် အကျိုးဖြစ်ထွန်းစေမှာပါလို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်ပြီး လိုင်ချင်တေးအ စိုးရကို ပိုမို ဖိအားပေးနေစဉ် အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို ဆက်လက်ထောက်ခံမယ်လို့ ၎င်းက ကတိ ပြုပါတယ်။

ကိုးကား – NHK
Ref; US supports Taiwan’s plan to step up efforts to counter China’s espionage

#Ayeyarwaddy_Times