မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်တွေက ဒေသခံတစ်ချို့ကို မီးရှို့သတ် အလောင်တွေမှာ ဗုံးထောင်ခဲ့ကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး
ကိုကိုလေး/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တွေက သြဂုတ်လ ၂၃ ရက်နေ့မှာ
ဒေသခံတစ်ချို့ကို မီးရှို့သတ်ကာ အလောင်တွေမှာ ဗုံးထောင်ခဲ့ပြီ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ် လို့ ဒေသခံတွေထံကသိရသည်။
အဆိုပါ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတွေမှာ သဒွတ် (အရှေ့)ရွာနဲ့ပေါက်ခေါင်းရွာ ဖြစ်ပြီး သဒွတ်ရွာကို သြဂုတ်လ ၂၂ ရက်နေ့မှာ မီးရှို့ပြီး သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ပေါက်ခေါင်းကျေးရွာက ဒေသခံတစ်ချို့ကို မီးရှို့သတ်ပြီး အလောင်းတွေမှာ ဗုံးတွေထောင်ထားခဲ့ကာ ကျေးရွာတွေကိုပါ မီးရှို့ခဲ့တယ် လို့ ဒေသခံတွေက ပြောသည်။
“အခုဆိုလူတွေလဲ ဟိုပြေးဒီပြေး ပြေးနေကြရတယ်။ ရွာအနားကို ပြန်မနိုင်ကြတော့ဘူး။လူတွေ့ရင် တစ်ခါတည်းသတ်တာ ဒါကြောင့်အသက်လုပြေးကြရတယ်။ ရှိတဲ့ပစ္စည်းတွေလဲ စစ်တပ်က ယူသွားကြတယ် ခုဆိုအိမ်တွေထားပြီးထွက်ပြေးနေကြရတော့ စားရေးသောက်ရေးကစအခက်အခဲဖြစ်လာပြီ” လို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် သြဂုတ်လ နေ့လည်ပိုင်းမှာ ဗဟင်းရွာကို ရောက်ရှိပြီး ဗဟင်းရဲစခန်းအတွင်းနဲ့ ဗဟင်းစာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတယ် လို့ ဒေသခံများကဆိုသည်။
လက်ရှိတွင် သဒွတ်ရွာနဲ့ ပေါက်ခေါင်းရွာက ဒေသခံပြည်သူ ၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲတွင် စစ်ကောင်ဘက်ကျဆုံးမှုရှ်ိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ကျဆုံးမှုတချို့ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရသည်။
#Ayeyarwaddy_Times