ကျူးကျော်တိုက်ခိုက်ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ တရုတ်ကို ထိုင်ဝမ် သတိပေး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၄

ထိုင်ဝမ်က ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှာဖြစ်ပြီး ကျူးကျော်တိုက်ခိုက်သူတွေဟာ တန်ဖိုးကြီးကြီး ပေး ဆပ်ရမယ်လို့ ထိုင်ဝမ်က တရုတ်တိုက်ခိုက်ရေးသမားတွေကို ပြန်တိုက်ထုတ်ခဲ့တဲ့ ၁၉၅၈ ခုနှစ်စစ်ပွဲ နှစ်ပတ်လည် နေ့အခမ်းအနားမှာ သမ္မတ ဆိုင်အင်ဝမ်က ပြောကြားလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ပြီးခဲ့လအတွင်း ထိုင်ဝမ်နဲ့တ ရုတ်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ နန်စီပလိုစီရဲ့ ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအ နီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့သော ဆယ်စုနှစ်ခြောက်ခုတိုင်အောင် ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်မန်နဲ့မတ်ဆုကျွန်းတွေပေါ် တစ်လကျော်ကြာ တရုတ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်တဲ့စိတ်ဓာတ်ကို စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှုမှာ ဆိုင်အင်ဝမ်က ထောပနာပြုခဲ့ပါတယ်။

“ဒီစစ်ပွဲက ထိုင်ဝမ်ကို ခုခံကာကွယ်ပေးခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေရဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ စိတ်ပိုင်း ဖြတ်ထားမှုကို ဘယ်လိုခြိမ်းခြောက်မှုကမျှ မချောက်ချားစေဘူးဆိုတာ ကမ္ဘာကြီးကို ကြေညာခဲ့တယ်” လို့ ၄င်းက ပြောပါတယ်။

“ရန်သူကို သိစေချင်တာက ထိုင်ဝမ်ဟာ တိုင်းပြည်ကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ပြင်ဆင်ထားသ လို ကာကွယ်နိုင်တဲ့စွမ်းရည်လည်း ရှိတယ်ဆိုတာပဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ကို ကျူးကျော်မယ် ဒါမှမဟုတ် ကျူးကျော်ဖို့ကြိုးပမ်းမယ်ဆိုရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ် ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ရှုတ်ချမှုကို ခံရမယ်လို့ ဆိုင်အင်ဝမ်က ပြောပါတယ်။

၁၉၅၈ ခုနှစ် စစ်ပွဲကာလအတွင်း ထိုင်ဝမ်က အမေရိကန်နိုင်ငံရဲ့ စစ်ရေးနဲ့ နည်းပညာအကူအညီနဲ့ တ ရုတ်နိုင်ငံကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

“ဒုတိယမြောက် ထိုင်ဝမ်ရေလက်ကြားအကျပ်အတည်း” လို့ ခေါ်ဆိုကြတဲ့ အဲဒီစစ်ပွဲမှာ ထိုင်ဝမ်တပ်ဖွဲ့က တရုတ်စစ်တပ်ကို အင်အားပြည့် တုံ့ပြန်နိုင်ခဲ့တာ နောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

ကိုးကား – Reuters

Ref; Taiwan warns China of ‘heavy price’ for invasion on battle anniversary