ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့တွင် မတ်လ ၁၇ ရက် ၊နံနက် ၄ နာရီ ၄၈မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့၊အမှတ်(၇) ရပ်ကွက်၊ ရာမညလမ်းမကြီး(၇)လမ်း၊ လမ်းသွယ်(၈)လမ်းရှိ နေအိမ် တစ်လုံးမှ ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လမ်းရှိနေအိမ်ငါးလုံးကိုပါ မီးကူးစက်ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းမီးသတ်တပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

“ရာမညမှာက ရပ်ကွက်လည်းကြီးတယ် အိမ်တွေက နည်းနည်းကပ်ဆောက်ထားတော့ လောင်အားကောင်းတယ်။ ဒေသခံတွေဝိုင်းကူညီလို့ ကံကောင်းတာ”ဟု မီးသတ်တပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မီးစတင်လောင်ကျွမ်းသည့် ဖြစ်စဥ်နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

#ပုသိမ်မြို့ #မီးလောင်မှုကြောင့် #နေအိမ်၆လုံး #ဆုံးရှုံး
#Ayeyarwaddy_Times