
ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ယီမင်နိုင်ငံရှိ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဟူသီအဖွဲ့ကို တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အမေရိ ကန်စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဟာ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ အသိသာဆုံး စစ်ရေးလုပ်ဆောင် ချက်ဖြစ်တယ်လို့ The New York Times သတင်းစာက ဖော်ပြပါတယ်။
ဟူသီအဖွဲ့ဟာ အမေရိကန်နဲ့အခြားနိုင်ငံတွေ၊ သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေကို အ ကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
အမေရိကန်စစ်တပ်က ယီမင်နိုင်ငံရဲ့မြို့တော် ဆန်နာမြို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပြီး တိုက်ခိုက်မှုကြောင့် လူ (၃၁) ဉီး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေ ဂါဇာကမ်းမြောင်ဒေသသို့ မဝင်ရောက်နိုင် အောင် ပိတ်ပင်တာကို ဆန့်ကျင်တာကြောင့် ပင်လယ်နီအတွင်း သွားလာနေတဲ့ အစ္စရေးသင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်လို့ ဟူသီအဖွဲ့က မတ်လ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဟူသီအဖွဲ့ကို ပံ့ပိုးကူညီနေတာ ချက်ချင်း ရပ်တန့်ကာ ဟူသီအဖွဲ့က အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်ရင် အီရန်နိုင်ငံက အပြည့်အဝ တာဝန်ခံရေး အမေရိကန်နိုင်ငံက လုပ်ဆောင်မယ်လို့ အီရန် နိုင်ငံသို့ပေးပို့တဲ့ သတင်းစကားမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
သူက အီရန်နိုင်ငံသို့ စာတစ်စောင် ပေးပို့ခဲ့ကာ နျူကလီးယားအစီအစဉ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ၎င်းက မကြာသေးမီမှာ ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို တိုက်ခိုက်မှုတွေဟာ ဆွေးနွေးမှုတွေကို သဘောတူရေး အီရန်နိုင်ငံကို ဖိအားပေးဖို့ ရည်ရွယ်ဖွယ်ရှိပါတယ်။
ကိုးကား – NHK
Ref; Trump says US military launched attacks on Houthi forces in Yemen
#Ayeyarwaddy_Times