ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီမှု မလျှော့ချဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက် တောင်းဆိုလိုက်ပါတယ်။

ဂူတာရက်စ်ဟာ သောကြာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားရှိ ဒုက္ခသည်စခန်း တွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ကော့ဘဇားခရိုင်ဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တစ်သန်းခန့်ကို လက်ခံထားရပါတယ်။

ဆိုးရွားသော အာဟာရပြတ်လပ်မှုကြောင့် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ ဒုက္ခသည်စခန်း တွေရှိ ကလေးငယ်အရေအတွက် မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်နဲ့ ဉရောပတိုင်းပြည်များစွာဟာ မကြာသေးမီက လူသားချင်းစာနာမှု အကူအညီပေး မှု သိသိသာသာ ဖြတ်တောက်ခဲ့တယ်လို့ ကြေညာခဲ့ကြောင်း ဂူတာရက်စ်က ပြောပါတယ်။

အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေရဲ့ အကူအညီပေးမှု ဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာဒုက္ခ သည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချမှုဖြစ်လာစေတယ်လို့ သူက သတိပေးပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ မေ့ထားတာ ကျွန်တော်တို့ လက် သင့်မခံနိုင်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; UN chief urges continued support for Rohingya refugees amid US cuts

#Ayeyarwaddy_Times