ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်အချို့မှာ လေပြင်းနဲ့ လေဆင်နှာ မောင်း တိုက်ခတ်မှုကြောင့် လူ (၁၈) ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မစ်ဆော်ရီ၊ တက္ကဆတ်နဲ့ အာကန်ဆတ်ပြည်နယ်တွေမှာ သောကြာနေ့မှ စနေနေ့အထိ လေဆင် နှာမောင်း တိုက်ခတ်ခဲ့ရာ အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်စေခဲ့ပါ တယ်။

လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် ပြည်နယ်သုံးခုမှာ လူ (၁၈) ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ABC TV က ဖော်ပြခဲ့ပါတယ်။

နောက်တွဲယာဉ်တစ်စင်း မောင်းနှင်နေစဉ် တိမ်းမှောက်ခဲ့ပြီး အဆောက်အအုံများမှ ခေါင်မိုးနဲ့နံရံ အပျက်အစီးတွေ လွင့်စင်သွားတာကို ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် နေရာများစွာမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ရပြီး အုတ်က လာဟိုးမားမြို့မှာ ဒေသခံအချို့ကို ဘေးလွတ်ရာရွှေ့ပြောင်းကာ ပြည်နယ်ငါးခုမှာ ဓာတ်အားပြတ် တောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံတောင်ပိုင်းရှိ ဖလော်ရီဒါနဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာ လေဆင်နှာမောင်းတွေ တိုက်ခတ်လာနိုင်တယ်လို့ မိုးလေဝသဌာနမှ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ဒေသအချို့မှာ လေဆင်နှာမောင်း၊ လေပြင်းနဲ့ ရေကြီးရေလျှံမှုတွေကို သတိဝီရိယထားကြဖို့ မိုး လေဝသ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေကို တောင်းဆိုနေကြပါတယ်။

ကိုးကား – NHK
Ref; Storms, tornadoes kill at least 18 in US Midwest, southern states

#Ayeyarwaddy_Times