
ဧရာဝတီတိုင်းမ်
မတ် ၁၇ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ သဲဖြူရွာနှင့် ပတ်ဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တိုက်ပွဲများပါရှိနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သာပေါင်းမြို့နယ် ကျွန်းလျားကြီးအုပ်စုသဲဖြူအနီးရှိ ကင်ပွန်းချဉ်ကုန်းနှင့် သစ်ဖြူအုပ်စု သစ်ဝမ်းပူ၊ ကျားခေါင်း တို့ကို ပြီးခဲ့သည့် မတ် ၁၃ရက် နံနက် ၁၀နာရီကျော်ခန့်တွင် စစ်ကောင်စီက လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
“သဲဖြူရွာနဲ့ ၃မိုင်လောက်အကွာက ကင်ပွန်းချဉ်ကုန်းဘက်မှ ာဗုံးလာကြဲသွားပါတယ်။ စစ်တပ်က ဗုံးလည်းကြဲတယ်။ ဒီနေ့မနက်ထိ စက်တပ်လေထီးနဲ့ လေယာဉ်တွေ သာပေါင်းဘက် သုံးကြိမ်လောက် ကင်းလှည့်တယ်” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရပြီး သဲဖြူရွာဘက်တွင် အလုပ်သွားရောက်လုပ်ကိုင်သည့် ရွာသားများမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် သဲဖြူ၊ ကင်ပွန်းချဉ်ကုန်းနှင့် ကျားခေါင်းကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲ အချို့ရှိနေ၍ ဒေသခံများ နီးစပ်ရာ ကျွန်းလျားကြီးအုပ်စု၊ ကျွန်းလျားကြီး ကန်ချောင်းနှင့် မရမ်းကျင်း ရွာများဘက်သို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ဆိုသည်။
ယခုတိုက်ပွဲဖြစ်ပွားရာနေရာသည် သာပေါင်းမြို့နယ်၏ အနောက်မြောက်ဘက်တွင်ရှိပြီး ရခိုင်ရိုးမ၏ အနောက်ခြမ်းတွင်ရှိကာ ကမ်းခြေဘက်တွင် ရွှေသောင်ယံမြို့နယ်ခွဲ မကျီးဇင်အုပ်စုရှိပြီး မြောက်ဘက် တွင် ဂွမြို့နယ်ရှိ ဓနိ၊ သစ်ကောက်ကွ ဓနိ၊ သစ်ကောက်ကွာ တို့နှင့် ဆက်စပ်လျက်ရှိသည်။
ဒေသခံများမှာ သစ်၊ ဝါးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့် သီဟိုဠ်ခြံစိုက်ခြင်းတို့ဖြင့်အသက်မွေးကြပြီး လယ်ယာလုပ်ငန်းလုပ် ကိုင်သူအနည်းငယ်သာရှိကြောင်း သိရသည်။
ယခုအခါ စစ်ရှောင်များမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများသယ်ယူရန် အခက်အခဲရှိနေပြီး စားသောက် နေထိုင်ရန် ခက်ခဲလျက်ရှိသည်။
စစ်ရေးအခြေအနေကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ အချို့ကျေးရွာများရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ ဖြေဆိုနိုင်ခြင်းမရှိသလို လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့၏ တိုက်ပွဲမှာ ပုသိမ်-မုံရွာလမ်းပိုင်းရှိ စက်စက်ယိုရွာနှင့် ချင်းလယ်ကျေးရွာအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
#သာပေါင်း #ခလရ၃၀၈ #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံများ #ထွက်ပြေး #Ayeyarwaddy_Times