ဧရာဝတီတိုင်းမ်
(ရေး)၊ မတ် ၁၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)မှ စစ်ကောင်စီ တပ်ကြပ်ကြီး တစ် ဦးအပါအဝင် တပ်သား ခြောက် ဦး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်လာခဲ့ ကြောင်း သိရသည်။

တပ်ကြပ်ကြီးတစ်ဦး နှင့် တပ်သား ငါး ဦးပါဝင်သည့် တပ်စိတ်တစ်စိတ်မှာ ကင်းတာဝန်ကျနေချိန် MA-3သေနတ်တစ်လက် နှင့် ကျည်တောင့်များယူဆောင်ကာ ထွက်ပြေးလာပြီးနောက် မတ် ၁၃ ရက်နေ့ ညသန်းခါင်ယံအချိန်တွင် ရေးဘီလူးအဖွဲ့က လုံခြုံစွာကယ်ထုတ်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အသုံးပြုတဲ့ acc(အကောင့်) တွေကနေတစ်ဆင့် ကျွန်တော်တို့ဆီဆက်သွယ်ခဲ့တယ်။ ကျွန်တော်တို့ မြို့တွင်း အခြေအနေကိုစောင့်ကြည့်ပြီးတော့ သူတို့ကင်းတာဝန်ကျတဲ့အချိန် ဆွဲထုတ် နိုင်ခဲ့တယ်။ တပ်သားအသစ်တွေလည်း ပါတော့ လက်နက်ကို အပြည့်အစုံမပေးသေးဘူး။ သေနတ်ကို တစ်လက်ပဲ ထုတ်ပေးသေးတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသူများမှာ တပ်ကြပ်ကြီးကိုဇူလှိုင်ဌေး၊ တပ်သားစောပြည့်ဟိန်း၊ တပ်သား ဝေယံထွဋ်၊ တပ်သားခွန်အေးနိုင်စိုး၊ တပ်သားကျော်သက်ဦး၊ တပ်သားဝေမင်းပိုင် တို့ဖြစ်ပြီး တပ်ကြပ်ကြီးကို ကျပ်ငွေ သိန်း ၃၀ ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

လက်ရှိတွင် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားများ အနေဖြင့် မွေးရပ်ဒေသသို့ ပြန်လိုက ပြန်နိုင်ပြီး တော် လှန်ရေးတာဝန်များကို ထမ်းဆောင်လိုပါကလည်း ထမ်းဆောင်ခွင့်ပြုမည်ဖြစ်ကာ အသေးစိတ်အခြေအနေကို မေးမြန်းခြင်းမပြုရ သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လတာ အတွင်းကလည်း အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုမှာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၆၄ ဦးအထိ ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ရေးဘီလူး
#ရေး #စကခ၁၉ #စစ်ကောင်စီတပ်သား #တပ်ကြပ်ကြီး #အလင်းဝင် #Ayeyarwaddy_Times