
ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်ပိုင် တိုင်းပြည်တစ်ခုဖြစ်တယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အမြင်ဟာ အမေရိကန်အစိုးရရဲ့ တရားဝင် ရပ်တည်ချက်နဲ့ ကွဲပြားနေပါတယ်။
ကြာသပတေးနေ့က အိမ်ဖြူတော်မှာ နေတိုးအဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံဆွေးနွေးမှုအစမှာ ၎င်း က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
သူ့ရဲ့ ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရှိခဲ့ဖူးတဲ့ ဆက်ဆံ ရေးကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ခြင်း ရှိ မရှိ သတင်းထောက်တွေက ဒေါ်နယ်ထရမ့်ကို မေးမြန်း ခဲ့ပါတယ်။
ကင်ဂျုံအန်နဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆက်ဆံရေးတစ်ရပ် ရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က တုံ့ပြန်ပါ တယ်။ “ကျွန်တော်သာ ရွေးကောက်မခံခဲ့ရရင် ဟီလာရီကလင်တန် သမ္မတဖြစ်လာခဲ့ပြီး မြောက်ကိုရီး ယားနဲ့ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
“ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာဖြစ်ပေမယ့် သေချာတာက မြောက်ကိုရီး ယားဟာ နျူကလီးယားအင်အားကြီးတိုင်းပြည်တစ်ခု ဖြစ်ပါတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင် တိုင်းပြည်တစ်ခုအဖြစ် အမေရိကန်အစိုးရက တရားဝင် အသိအမှတ်မပြုပါဘူး။
ဇန်နဝါရီလ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်မှာ မြောက်ကိုရီးယားအား နျူက လီးယားလက်နက်ပိုင်တိုင်းပြည်လို့ ဒေါ်နယ်ထရမ့်က ခေါ်ဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump describes North Korea as ‘a nuclear power’
#Ayeyarwaddy_Times