ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်များအပါအဝင် ပြည်သူ ၁၄ ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ မတ် ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် နောင်ချိုမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော် ကိုး ပါး ပြည်သူ ငါး ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ရည်ရွယ်ချက်ရှိရှိ စာသင်တိုက်ကို ဗုံးကြဲပြီး စက်သေ နတ်နဲ့ပါ ပတ်ပစ်တာ။ သံဃာတော်တွေထိပြီး သေကုန် တယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လေယာဉ်ကို အနိမ့်ပျံသန်းပြီး စာသင် တိုက်ပေါ်သို့ ရည်ရွယ်၍ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကိုရင် ရှစ် ပါး၊ ဦးဇင်း တစ် ပါး၊ အမျိုးသားနှင့် အမျိုး သမီး ငါး ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ထို့အပြင် ဗုံးလေးလုံးနှင့် စက်သေနတ်များပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူ များပြားပြီး ကျောင်းဆောင်များလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #စိန်ရတနာ #ပရိယတ္တိစာသင်တိုက် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #သံဃာတော်၉ပါး #Ayeyarwaddy_Times