ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

အနာဂတ်မှာ ရုရှားကျူးကျော်စစ်ကို ဟန့်တားနိုင်ရေး အမေရိကန်နိုင်ငံက ပိုလန်နိုင်ငံမှာ နျူက လီးယားလက်နက်တွေ ရွှေ့ပြောင်းဖို့ သမ္မတ အန်ဒရေဒူဒါက တောင်းဆိုလိုက်ပါတယ်။

အဆိုပြုချက်ကို မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းနဲ့ရုရှားဆိုင်ရာ အထူးကိုယ်စားလှယ် ကိတ်ကဲလော့ဂ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

နျူကလီးယားလက်နက်မျှဝေရေး အစီအစဉ်အရ အမေရိကန်လက်နက်တွေ လက်ခံဖို့ အဆင် သင့်ရှိကြောင်း ပိုလန်နိုင်ငံက ပြောကြားခဲ့ပြီး ပြင်သစ်ရဲ့ နျူကလီးယားထီးရိပ် အစီအစဉ်ကို ဉရောပမ ဟာမိတ်တွေအထိ တိုးချဲ့ဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ရဲ့ စိတ်ကူးကို ပိုလန်လွှတ်တော်အမတ် တွေက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အမေရိကန် နျူကလီးယားလက်နက်တွေကို ပိုလန်နိုင်ငံမှာ ဖြန့်ကြက်ထားရင် ပိုမို ဘေးကင်းလုံ ခြုံလာမယ်လို့ အန်ဒရေဒူဒါက ဆိုပါတယ်။

အခုလိုမျိုးပြဿနာတွေကို မီဒီယာအင်တာဗျူးတွေထက် အမြော်အမြင်ရှိရှိ ဖြေရှင်းတာက ပို ကောင်းတယ်လို့ အန်ဒရေဒူဒါရဲ့ နိုင်ငံရေးရန်ဘက် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က ပြောပါတယ်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခုလုပ်ဆောင်ဖို့ ပြင် ဆင်နေပါတယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ပိုလန်နိုင်ငံဟာ ယခုအခါ အမေရိကန်အပါအဝင် အခြား နေတိုးအဖွဲ့ဝင်နိုင်ငံတွေထက် ပိုမိုများပြားတဲ့ ဂျီဒီပီကို ကာကွယ်ရေးအတွက် သုံးစွဲနေပါတယ်။

ပိုလန်နိုင်ငံရဲ့ ယမန်နှစ် ကာကွယ်ရေးဘတ်ဂျက်ဟာ ဂျီဒီပီရဲ့ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာ ယခု နှစ်မှာ ဂျီဒီပီရဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်း သုံးစွဲဖို့ စီစဉ်နေပါတယ်။

ကိုးကား – Reuters
Ref; Poland’s president urges U.S. to move nuclear warheads to Polish territory, FT reports

#Ayeyarwaddy_Times