
ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံဟာ လက်ရှိမှာ အလွန်ဆိုးရွားသော စားနပ်ရိက္ခာမဖူလုံမှုကို ရင် ဆိုင်နေရပြီး လက်ရှိပဋိပက္ခကြောင့် မြန်မာပြည်သူ ၁၉ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှု အကူအ ညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
“စစ်ကောင်စီဟာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထံ နယ်မြေတွေ ဆက်လက် ဆုံးရှုံးနေ တာကြောင့် အကူအညီပေးမှုကို ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာမှု အကူအညီ ကန့်သတ်ခြင်း၊ ကုန်သွယ် ရေးလမ်းကြောင်းတွေ ကန့်သတ်ခြင်း၊ ကယ်ဆယ်ရေးလုပ်သားတွေကို ပစ်မှတ်ထားခြင်းနဲ့ လက်တုံ့ပြန် ခဲ့ပြီး လက်ရှိပဋိပက္ခကို အခြေအနေ ပိုဆိုးစေခဲ့ပါတယ်” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကိုင်တိုက်ပွဲတွေက မြန်မာနိုင်ငံရှိ မြို့နယ် များရဲ့ ၉၆ ရာခိုင်နှုန်းကို သက်ရောက်စေခဲ့ပြီး စီးပွားရေးနဲ့ လယ်ယာစိုက်ပျိုးရေးကို ထိခိုက်စေခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ယခုနှစ်အတွင်း ဆန်၊ ပဲ၊ ဆီနဲ့ ဆားအပါအဝင် စားသုံးကုန်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ မကြာသေးမီက ပြည်ပအကူအညီပေးမှု ရပ်ဆိုင်းခြင်းက မြန်မာအကျပ်အ တည်းကိုသာမက မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်နီးချင်းတိုင်းပြည်တွေကို ပိုဆိုးစေတယ် လို့ ၎င်းတို့က ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေအနေက ကြောက်မတ်ဖွယ်ရာဖြစ်ပြီး ပြည်သူ ၂ သန်း အငတ်ဘေးကြုံနိုင် တယ်လို့ ၎င်းတို့က သတိပေးပါတယ်။
မြန်မာစစ်တပ်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ဆိုးရွားသော ရာသီဉတုကြောင့် မြန်မာပဋိပက္ခကို ပိုဆိုးစေခဲ့ပြီး စားနပ်ရိက္ခာနဲ့ အရင်းအမြစ်တွေရရှိမှုကို ကန့်သတ်စေခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စားနပ်ရိက္ခာမဖူလုံမှုဒဏ် ခံနေရ တယ်လို့ ၎င်းတို့က ဆိုပါတယ်။
လူသားချင်းစာနာမှု အကူအညီကို ဉီးစားပေးဖို့နဲ့ ဘေးသင့်ပြည်သူတွေထံ အသက်ကယ် အကူအ ညီတွေရောက်ရှိနိုင်ရေး ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တွေက နိုင်ငံတကာခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။
နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုကို ပံ့ပိုးကူညီဖို့နဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြဖို့ အာ ဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ၎င်းတို့က တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; UN experts warn a third of Myanmar’s population faces food insecurity
#Ayeyarwaddy_Times