
အိန္ဒိယနိုင်ငံ အိုင်ဇောလ်မြို့တွင် ချင်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေ
အေးစီ/ ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊ ဩဂုတ်လ ၁၉ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် အစိုးရမှ ဝန်ထမ်းခေါ်ဆိုခြင်းမရှိတော့သည့်အပြင် မြို့နယ်အတွင်း ပစ္စည်းများလှည့်လည် ရောင်းချမှုတွင်ရောင်းအား မကောင်းတော့သဖြင့် အလုပ်လုပ်ရန် ခက်ခဲလာကြောင်း တီးတိန်မြို့ခံ စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
“ရောက်ခါစ ဒီလိုမျိုး အလုပ်တာက အဆင်ပြေကြတယ်။ မနက် ၆နာရီကနေ ညနေ ၅ နာရိ တစ်နေ့ ၁ ထောင်ရူဗီ လောက် ရနိင်တယ်။ ဒါမဲ့ ဒီနှစ် ဩဂုတ်လ လောက်ကနေ တစ်နေ့မှာ ၄ ရာ နဲ့ ၅ရာ ရူပီ ကြားပဲရနိုင်တယ်။ ကျွန်တော်တို့အတွက် ဒီလိုလုပ်မျိုးပဲ လုပ်စရာရှိတာကို မိသားစုနဲ့ဆိုတေ့ တစ်နေ့လုပ် တစ်နေ့စားပဲ ဖြစ်တော့တယ်” ဟု
တီးတိန်မြို့မှစစ်ဘေးရှောင်ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလုပ်လုပ်ရန် ခက်ခဲမှု၊ ငွေကြေးမလုံလောက်မှုတွေကြုံနေရသော်လည်း စစ်ဘေးရျောင်သူများအနေဖြင့် နေရပ်ဒေသရင်းတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားမှူကြောင့် နေရပ်သို့ပြန်ရန် မလုံခြုံမှုမရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၆၀ ခန့်ရှိနေကြောင်း တီးတိန်မြို့ခံ စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
#Ayeyarwaddy_Times