မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရုတ်သိမ်းဖို့ အဖွဲ့အစည်း ၈၆၀ ကျော် တောင်းဆို

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၄ ရက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်ရုတ်သိမ်းဖို့ Burma Campaign UK အပါအဝင် အဖွဲ့အစည်း ၈၆၄ ခုက ကုလသမဂ္ဂ အထွေထွေညီလာခံထံ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းလိုတဲ့ ပြင်း ပြတဲ့ကတိကဝတ်ကိုပြသပြီး တိကျပြတ်သားတဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့လည်း အဖွဲ့အစည်း ၈၆၄ ခုက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တောင်းဆိုလိုက်ခဲ့တာပါ။

ရုပ်သံ – ဧရာဝတီတိုင်းမ်