
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
အမေရိကန်နဲ့ ယူကရိန်းတာဝန်ရှိသူတွေ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ပြုလုပ်ပြီးနောက် ယူကရိန်းက အမေရိကန်နိုင်ငံ အဆိုပြုတဲ့ တစ်လကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံ လက်ခံခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ ဝေဟင်နဲ့ရေပြင်မှာ တိုက် ခိုက်တာ မပါဝင်ဘဲ ရုရှားနဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးမှာ တိုက်ခိုက်တာရပ်စဲဖို့ ပါဝင်တယ်လို့ ၈ နာရီ ကြာ ဆွေးနွေးမှုအပြီးမှာ ဇီလန်စကီးက ပြောပါတယ်။
“ယူကရိန်းက ဒီအဆိုပြုချက်ကို လက်သင့်ခံပါတယ်။ ဒါဟာ အပြုသဘောဆောင်တယ်လို့ ကျွန် တော်တို့ ယူဆပါတယ်။ အမေရိကန်က အပစ်အခတ်ရပ်စဲဖို့ ရုရှားကို နားချရပါမယ်။ ရုရှားက သဘောတူ တာနဲ့ အပစ်အခတ်ရပ်စဲမှု စတင်မှာပါ” လို့ ၎င်းက ဆိုပါတယ်။
ထောက်လှမ်းရေးသတင်းတွေ မျှဝေမှု ရပ်ဆိုင်းထားတာ ချက်ချင်း ရုတ်သိမ်းပြီး ယူကရိန်းသို့ လုံ ခြုံရေးအကူအညီပေးမှု ပြန်လည်စတင်မယ်လို့ ဆွေးနွေးမှုအပြီး ယူကရိန်းနဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခု မှာ အမေရိကန်နိုင်ငံက ပြောပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ ရုရှားနိုင်ငံအပေါ် မူတည်နေပြီလို့ အစည်းအဝေးအပြီးမှာ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းရဲ့ အပစ်အခတ်ရပ်စဲရေး လက်ခံတဲ့သတင်းကို ကြိုဆိုခဲ့ပြီး ဒီသတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောဆိုဖို့ ကတိပြုလိုက်ပါ တယ်။
ယူကရိန်းရဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်မှာ ဝေဟင်နဲ့ရေပြင်မှာ မတိုက်ခိုက်ဖို့၊ ယုံကြည်မှု ထူထောင်နိုင်ရေး ယူကရိန်းအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ရုရှားမှ ယူကရိန်းကလေးငယ်တွေ ပြန်ပေး ရေးတို့ပါဝင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းစီးပွားရေး တိုးချဲ့နိုင်ရေး မြေရှားသတ္တု သဘောတူညီချက်ရရှိရေးနဲ့ တိုင်းပြည်ရဲ့ ရေ ရှည် လုံခြုံရေးကို အာမခံဖို့လည်း နှစ်ဘက်စလုံးက သဘောတူခဲ့ပါတယ်။
ကိုးကား – CNN
Ref; Ukraine agrees to proposal for ceasefire with Russia as US restores aid and intel sharing
#Ayeyarwaddy_Times