
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
ဗဟိုအစိုးရအသုံးစရိတ် လျှော့ချဖို့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ထမ်းအင်အား ထက်ဝက်နီးပါး ဖြတ်တောက်မယ်လို့ အမေရိကန် ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလအတွင်း အာဏာရရှိပြီးချိန်မှာ ပညာရေးဝန်ထမ်းအင်အားကို ၄၁၃၃ ဉီးမှ ၂၁၈၃ ဉီးအထိ လျှော့ချမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
လျှော့ချလိုက်တဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ဆန္ဒအလျှောက် နှုတ်ထွက်ဖို့လက်ခံသူတွေနဲ့ အ ငြိမ်းစားယူသူ ၆၀၀ နီးပါး ပါဝင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကျန်ရှိတဲ့ဝန်ထမ်းတွေကို မတ်လ ၂၁ ရက်မှစပြီး ခွင့်ပေးမှာဖြစ်ပြီး ၎င်းတို့ဟာ လစာ၊ ခံစားခွင့်အ ပြင် လုပ်သက်အပေါ်မူတည်ပြီး အငြိမ်းစားထောက်ပံ့ကြေး ရရှိမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆက် ပြောပါတယ်။
ဝန်ထမ်းအင်အား လျှော့ချမှုဟာ ဖက်ဒရယ်အစိုးရအဖွဲ့မှာ စွမ်းဆောင်ရည်မြှင့်တင်ဖို့ လုပ်ဆောင် ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပညာရေးဝန်ကြီး လင်ဒါမက်မာဟွန်းက ပြောပါတယ်။
ဝန်ထမ်းအင်အားလျှော့ချမှုဟာ ကျောင်းသား၊ မိဘနဲ့ ဆရာတွေအတွက်သာ အရင်းအမြစ်တွေကို အသုံးပြုမယ့် ပညာရေးဝန်ကြီးဌာနရဲ့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ၎င်းက ရှင်းပြပါတယ်။
သူ့အနေနဲ့ ပညာရေးဝန်ကြီးဌာနက ဖျက်သိမ်းကာ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ကြီးကြပ်နိုင် မယ့် လုပ်ပိုင်ခွင့်အာဏာကို ပြည်နယ်တွေထံ လွှဲပြောင်းပေးလိုတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါ တယ်။
ကွန်ဂရက်ရဲ့ အတည်ပြုချက်မရဘဲ ဗဟိုအစိုးရဌာနတွေကိုဖျက်သိမ်းလို့မရဘူးလို့ အမေရိကန်မီ ဒီယာတွေက ဖော်ပြပါတယ်။
ဒေါ်နယ်ထရမ့်က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းမယ့်ကြိုးပမ်းမှုတွေ အရှိန်မြှင့်ဖွယ်ရှိတယ် လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; US education department to cut nearly half of workforce
#Ayeyarwaddy_Times