ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

တိုင်းပြည်အနောက်တောင်ပိုင်းမှာ ရထားတစ်စင်းကို တိုက်ခိုက်ကာ ရာချီတဲ့ခရီးသည်တွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့တဲ့ စစ်သွေးကြွတွေက ဓားစာခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဉီးကို သတ် ဖြတ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း မစတင်မီ စစ်သွေးကြွတွေက ဓားစာခံတွေကို သတ်ဖြတ်ခဲ့တာလို့ ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ကယ်ဆယ်ရေး ဆောင်ရွက်မှုအတွင်း စစ်သွေးကြွ ၃၃ ဉီးလည်း သုတ်သင်ခံခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ခွဲထွက်ရေးအဖွဲ့ ဘာလိုလွတ်မြောက်ရေးတပ်မတော် (BLA) က ရထားလမ်းတွေကို ဖောက်ခွဲ ကာ ဘာလိုချီစတန်ပြည်နယ်မှာ လူ ၄၄၀ ဉီး တင်ဆောင်လာတဲ့ ရထားကို ပြန်ပေးဆွဲခဲ့ပါတယ်။

ဘာလို နိုင်ငံရေး အကျဉ်းသားတွေနဲ့ အခြားသူတွေ လွတ်မြောက်ရေးအတွက် အလဲအလှယ်အ နေနဲ့ ဓားစားခံတွေကို လွှတ်ပေးမယ်လို့ စစ်သွေးကြွတွေက ပြောပါတယ်။

ပါကစ္စတန်အစိုးရဟာ သဘာဝအရင်းအမြစ်တွေနဲ့ ဆိပ်ကမ်းတွေ တည်ဆောက်ဖို့ ဘာလိုချီစ တန်ပြည်နယ်မှာ တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။

BLA က တရုတ်စီမံကိန်းတွေကို ဆန့်ကျင်ကာ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ လုပ်ဆောင် ပါတယ်။ BLA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ပြည်နယ်မြို့တော် ကွက်တာမြို့ရှိ ဘူတာရုံတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၂၄ ဉီး သေဆုံးခဲ့ပါတယ်။

ကိုးကား – NHK
Ref; 25 passengers, security personnel killed in train hijacking in Pakistan

#Ayeyarwaddy_Times