ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

နိုင်ငံခြားရင်းနှီးမြှပ်မှုဖြင့် ပြည်တွင်းထုတ်လုပ်သော Coca Cola အချိုရည်အပါအဝင် နာမည်ကြီးအချိုရည်များကုန်ပစ္စည်းပြတ်လပ်နေပြီး သင်္ကြန်နားနီးလာသဖြင့် ကုန်စည်အချို့ဈေးတက်လာကြောင်း သိရသည်။

Coca Cola ကုမ္ပဏီထုတ်ကုန် ကိုကာကိုလာ၊ max plus (လိမ္မော်) ၊ sprite အချိုရည်များအပါအဝင် ကိုရီးယားနှင့်ပူးပေါင်းရင်းနှီးမြှပ်မှု Lotte MGS ကုမ္ပဏီထုတ်ကုန် pepsi ၊ string အချိုရည်များပစ္စည်းပြတ်နေကြောင်း သိမ်ကြီးဈေးတွင် စုံစမ်းသိရသည်။

ထို့ပြင်သင်္ကြန်နီးချိန်တွင်အခြေခံစားသောက်ကုန်အပါအဝင် ကုန်စည်မျိုးစုံဈးတက်လာပြီဖြစ်ပြီး ရှားပါးကုန်ပစ္စည်းများထပ်မံ ဈေးမြင့်တက်နိုင်ကြောင်းသိရသည်။

“အအေးတွေပြတ်နေတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ။ အမှာတင်တာလည်းမရဘူး။ တချို့ဆိုင်တွေမှာလက်ကျန်ရှိသေးပေမဲ့ဈေးမြင့်နေပြီ။ အခုတော့ကုမ္ပဏီကိုမှာထားတာလည်းမရ‌သေးဘူး ” ဟု ကုန်စည်ဒိုင်တစ်ဦးက ပြောကြားသည်။

ပူပြင်းသော နွေရာသီရာက်ချိန်တွင် ရောင်းအားမြင့်တက်နိုင်မည့်နာမည်ကြီး လူကြိုက်များသော အချိုရည်အအေးမျိုးစုံကုန်ပြတ်လပ်နေကြောင်း လက်လီအရောင်းဆိုင်များထံမှ သိရသည်။

ထို့ပြင် ပြည်တွင်းနို့ထွက်ထုတ်ကုန်ဒိန်ချဉ်ဗူးများလည်း ပစ္စည်းပြတ်နေကြောင်းသိရသည်။

” လူသောက်တဲ့ Coca-Cola pissi တွေမရှိဘူး။ coca cola သံဗူးအချို့ရှိသေစတယ်။ nergy drinks ထဲမှာဆိုရှိတယ်။ string ပုံစံတူအချိုရည်ရှိတယ် ” ဟု အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိတွင်စားသောက်ကုန်ပစ္စည်းအချို့ပြတ်လပ်နပြီး သင်္ကြန်နားနီးချိန်တွင် ကြိုတင်ဝယ်ယူစုဆောင်းမှုများကြောင့် ကုန်ပစ္စည်းပိုမိုပြတ်လပ်ကာ ဈေးပိုတတ်နိုင်ကြောင်း ကုန်စည်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်မှစတင်ကာ အမေရိကန်အခြစိုက် Coca Cola ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒါ်လာသန်းရာနှင့်ချီ ရင်းနှီးမြှပ်နှံမှုပြုလုပ်ပြီး သစ်သီးဖျော်ရည်၊ လက်ဖက်ရည်၊ ရေဓာတ်ဖြည့်အချိုရည်နှင့် အချို‌‌ရည်မျိုးစုံထုတ်လုပ်လျှက်ရှိသည်။

ကွယ်လွန်သူထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဌ ဦးသိန်းထွန်းသည် ၂၀၁၃ ခုနှစ်တွင် Pepsi Cola Myanmar စတင်တည်ထောင်ခြင်းဖြစ်ပြီး ကိုရီးယားစီးပွားရေးလုပ်ငန်း Lotte Chilsung နှင့်ရင်းနှီးမြှပ်နှံမှုပူးပေါင်းထားခြင်းဖြစ်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်

#coca #cola #max #string #အချိုရည်ပစ္စည်းပြတ်
#cocacolamyanmar #Ayeyarwaddy_Times