ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ရထားတစ်စင်းပေါ်ပါ ခရီးသည် ၄၅၀ ကျော်ကို သေနတ်သမားတွေက ဓားစာခံအဖြစ် ထိန်း သိမ်းထားတယ်လို့ ပါကစ္စတန်အစိုးရ အကြီးတန်းအရာရှိတစ်ဉီးက ပြောပါတယ်။

တိုက်ခိုက်မှုကို လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်နေပြီး ပြည်ပနိုင်ငံတွေက ဘာလိုချီစတန်ပြည်နယ်ရဲ့ ကြွယ်ဝမှုတွေကို အကျိုးဖြစ်ထွန်းနေတယ်လို့ စွပ်စွဲတဲ့ ဘာလိုလွတ်မြောက်ရေးတပ်မတော် (BLA) က လုပ်ဆောင်တာလို့ ကြေညာခဲ့ပါတယ်။

စစ်သွေးကြွတွေက အာဖဂန်နစ္စတန်၊ အီရန်တို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဝေးလံခေါင်ဖျား၊ တောင်ကုန်းထူထပ်ရာ ဘာလိုချီစတန်ပြည်နယ်မှာ ရထားမောင်းသူကို ပစ်ခတ်ပြီး ရထားကို ထိန်းချုပ် ကာ ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။

ဓားစာခံတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ အ ဆိုပါစစ်သွေးကြွအဖွဲ့က သတိပေးခဲ့ပါတယ်။

ကွက်တာမှ ပက်ရှ်ဝါသို့ ထွက်ခွာလာတဲ့ ခရီးသည်တင်ရထားကို လက်နက်ကိုင်စစ်သွေးကြွတွေ က တားဆီးကာ ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ အစိုးရ အကြီး တန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ဘာလိုချီစတန်ပြည်နယ်ဟာ တောင်ကုန်းထူထပ်တာကြောင့် စစ်သွေးကြွတွေ ပုန်းအောင်းဖို့နဲ့ တိုက်ခိုက်မှုတွေ စီစဉ်ဖို့ လွယ်ကူစေပါတယ်။

ဆယ်စုနှစ်ချီ အကြမ်းဖက်သောင်းကျန်းမှုတွေ ဖြစ်ပွားနေပြီး ချွတ်ခြုံကျနေတဲ့ ဘာလိုချီစတန် ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရုန်းကန်နေရပါတယ်။

တာလီဘန်အဖွဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာပြန်ရလာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိ မိတ်ထိစပ်နေတဲ့ ပါကစ္စတန်နိုင်ငံအနောက်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တိုးလာ ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၁၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရလို့ ဆယ်စုနှစ် တစ်ခုအတွင်း လူအသေအပျောက်အများဆုံးနှစ်ဖြစ်ခဲ့တယ်လို့ အစ္စလာမ္မာဘတ်မြို့တော်အခြေစိုက် သု တေသနနှင့် လုံခြုံရေးလေ့လာရေးဌာနက ပြောပါတယ်။

ကိုးကား – AFP
Ref; Separatist militants hold more than 450 train passengers hostage in Pakistan

#Ayeyarwaddy_Times