ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်မှ ကယ်ထုတ်ခဲ့တဲ့ ဒုတိယအသုတ် မလေးရှားနိုင် ငံသား ၂၅ ဉီးကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှတစ်ဆင့် နေရပ်ပြန်ပို့လိုက်ပြီ လို့ သိရပါတယ်။

မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ကျားဖြန့်လူကုန်ကူးခံရသူတွေအား ထိုင်းတာဝန်ရှိသူတွေ မှတစ်ဆင့် မလေးရှားသံရုံးသို့ လွှဲပြောင်းပေးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးယာယီတာဝန် ခံ ဂျိုဟန်အရစ်ဖ်က ပြောပါတယ်။

“အသက် ၂၁ နှစ်မှ ၄၇ နှစ်အရွယ်ရှိ အမျိုးသား ၂၃ ဉီးနဲ့ အမျိုးသမီးနှစ်ဉီးကို ကုန်းကြောင်းနဲ့ နေရပ်ပြန်ပို့ခဲ့ပြီး မတ်လ ၁၂ ရက်မှာ မလေးရှားနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံသားတစ်ဉီး မြန်မာနိုင်ငံထဲကို တရားဝင် ဝင်ရောက်ခဲ့တာလို့ မြန်မာအာဏာပိုင် တွေက အကြောင်းကြားခဲ့ကြောင်း၊ မလေးရှားနိုင်ငံသို့ နေရပ်ပြန်လိုသူတွေအတွက် သီးခြား စီစဉ်ပေးမှာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှ ကယ်တင်ခဲ့တဲ့ နိုင်ငံခြားသား ၁၅၀၀ ကို နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေကို ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများမှ ကယ်ထုတ်ခဲ့တဲ့ နိုင်ငံခြား သား ၂၆၀ ထဲမှာ မလေးရှားနိုင်ငံသား ၁၅ ဉီး ပါဝင်ခဲ့ပါတယ်။

အဆိုပါ ကျားဖြန့်လူကုန်ကူးခံရသူတွေကို ဖေဖော်ဝါရီလ ၂၄ ရက်က မလေးရှားနိုင်ငံသို့ အောင် မြင်စွာ ပြန်လည်ပို့ဆောင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Second batch of 25 Malaysians rescued from Myanmar job scams repatriated via Thailand

#Ayeyarwaddy_Times