ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ယူကရိန်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အထိ ငါးနှစ်အတွင်း ကမ္ဘာ့ စစ်လက်နက်အများဆုံး တင်ပို့သူ ဖြစ် လာခဲ့တယ်လို့ ဆွီဒင်ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုက ပြောပါတယ်။

ရုရှားရဲ့ လက်ရှိ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်တင်ပို့မှုတွေ မြင့်တက်လာ ခဲ့တာလို့ သိရပါတယ်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့က တနင်္လာနေ့မှာ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ်ကြား ကမ္ဘာပေါ်မှာ စစ်လက်နက် လွှဲပြောင်းပေးမှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပါတယ်။

အဆိုပါကာလအတွင်း ယူကရိန်းနိုင်ငံ တင်သွင်းတဲ့ စစ်လက်နက်ပမာဏဟာ ငါးဆနီးပါးရှိပြီး ကမ္ဘာ့ စစ်လက်နက်တင်သွင်းမှု စုစုပေါင်းပမာဏရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။

ယူကရိန်းနိုင်ငံဟာ ယင်းကာလအတွင်း အမေရိကန်နိုင်ငံမှ ၄၅ ရာခိုင်နှုန်း၊ ဂျာမနီမှ ၁၂ ရာခိုင် နှုန်းနဲ့ ပိုလန်မှ ၁၁ ရာခိုင်နှုန်း စစ်လက်နက် တင်သွင်းခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လက်နက်တင်သွင်းမှုဟာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်ဆ ကျော် ရှိခဲ့ပြီး အမေရိကန်နိုင်ငံမှ စစ်လက်နက်တင်သွင်းမှုဟာ ၆၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ စစ်လက်နက်တင်သွင်းမှုဟာ ငါးနှစ်ဆက်တိုက် နှစ်ဆနီးပါးထိ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ စစ်လက်နက်တင်သွင်းမှုအရ ဆဌမနေရာ ရှိခဲ့ပါတယ်။ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ် ဂျပန်နိုင်ငံရဲ့ စစ်လက်နက်တင်သွင်းမှု အခုလို မြင့်တက်ခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ စစ်လက်နက်တင်သွင်းမှုဟာ ၆၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပြည်တွင်းမှာ စစ် လက်နက်ထုတ်လုပ်နိုင်စွမ်းကြောင့် အခုလို တရုတ်ရဲ့ စစ်လက်နက်တင်သွင်းမှု ကျဆင်းရတာလို့ မှတ်ယူ ရပါတယ်။

ကိုးကား – NHK
Ref; Ukraine was world’s top arms importer in 2020-2024: Swedish think tank

#Ayeyarwaddy_Times