
ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
အင်္ဂါနေ့က မနီလာမြို့တော်ရှိ လေဆိပ်တစ်ခုကို ဆိုက်ရောက်လာတဲ့ သမ္မတဟောင်း ရော့ဒရီဂိုဒူ တာတေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှု သံသယနဲ့ ဒူတာတေးကို နိုင်ငံတကာဖမ်းဝရမ်းတစ်ခု ထုတ်ထားတာပါ။
ဒူတာတေးဟာ သမ္မတတာဝန်ထမ်းဆောင်ချိန်အတွင်း မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲလို့ခေါ်တဲ့ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှုကို ဉီးဆောင်ခဲ့ပြီး သံသယရှိသူတွေကို ပစ်သတ်ဖို့ ရဲအရာရှိတွေိကို ခွင့်ပြုခဲ့ပါတယ်။
ဒူတာတေးရဲ့ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါးသံသယရှိသူ ၆၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ ရတယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။
အသက် ၇၉ နှစ်အရွယ် ဒူတာတေးက မူးယစ်ဆေးဝါး နှိမ်နင်းမှုကို ကာကွယ်ခဲ့ပြီး မူးယစ်ဆေးဝါး သံသယရှိသူတွေကို ပစ်သတ်ဖို့အမိန့်ပေးတာကို ငြင်းဆန်ခဲ့ကာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့သာ ရဲတပ် ဖွဲ့ကို ညွှန်ကြားခဲ့တာလို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက တရားလက်လွှတ် သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီလို့ဆိုကာ ၂၀၁၉ ခုနှစ်မှာ ICC မှ တစ်ဖက်သတ် နှုတ်ထွက်ပြီးနောက်ပိုင်း ဒူတာတေး အခုလို ဖမ်းဆီးခံရတာပါ။
ကိုးကား – NHK
Ref; Former Philippine President Rodrigo Duterte arrested
#Ayeyarwaddy_Times