ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ ရာနဲ့ချီသော အိန္ဒိယနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလနောက်ပိုင်း ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံ ခြားသား ၇၀၀၀ ကျော်ကို ဖယ်ရှားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကန့်သတ်ချက်အချို့ကြောင့် တစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ရတဲ့ ကျားဖြန့်လူကုန်ကူးခံရ သူတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ကြာသပတေးနေ့က ပြန်လည်စတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံသား ၁၄၀၀ ခန့်ကို လေကြောင်းနဲ့ နေရပ်ပြန်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၅၄၀ ဉီးကို အင်္ဂါနေ့အထိ နေရပ်ပြန်ပို့ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နေရပ်ပြန်ဖို့စောင့်ဆိုင်းနေတဲ့ ထောင်ချီတဲ့ နိုင်ငံခြားသားတွေဟာ ဆိုးရွားသော အခြေအနေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

ကျားဖြန့်လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့နိုင်ရေး ထိုင်းအာဏာပိုင်တွေ သက်ဆိုင်ရာတိုင်းပြည် များမှာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ကျားဖြန့်လုပ်ငန်းအများစုကို တရုတ်နိုင်ငံသားတွေ လုပ်ကိုင်ကြပြီး တရုတ်အာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ဖယ်ရှားဖို့ ကြိုးပမ်းနေပါတယ်။

မြန်မာနိုင်ငံမှ အမှုတွေအပါအဝင် ပြီးခဲ့တဲ့နှစ်အတွင်း ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့ လူပေါင်း ၇၈၀၀၀ ဉီးကို တရားစွဲဆိုခဲ့တယ်လို့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Hundreds of Indians repatriated from scam hubs in Myanmar

#Ayeyarwaddy_Times