ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေရဲ့ အမြတ်အစွန်းတွေကို အသုံးပြုပြီး ပြင်သစ်နိုင်ငံ က ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၂၁၁ သန်း ထောက်ပံ့မယ်လို့ ကာကွယ်ရေးဝန်ကြီး ဆီဘတ် ရှန်လီကော်နူက ပြောပါတယ်။

စစ်ရေးအကူအညီသစ်အရ ယူကရိန်းလေတပ်ဖွဲ့ပိုင် Mirage 2000 လေယာဉ်တွေ အသုံးပြုမယ့် ၁၅၅ မီလီမီတာ အမြောက်ကျည်နဲ့ AASM ပဲ့ထိန်းဗုံးတွေ ထောက်ပံ့မယ်လို့ ဆီဘတ်ရှန်လီကော်နူက ပြင်သစ်သတင်းစာ La Tribune နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယူကရိန်းသို့ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ အပါအဝင် ပြင်သစ်က စစ်လက်နက်ဟောင်း တွေ လွှဲပြောင်းပေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေရဲ့ အမြတ်အစွန်းတွေကို အသုံးပြုပြီး ယူကရိန်းသို့ ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေထုတ်ပေးဖို့ G7 အဖွဲ့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ ကတိပြုပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာပါ။

ဗြိတိန်နိုင်ငံကလည်း ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေရဲ့ အမြတ်အစွန်းတွေကို အ သုံးပြုပြီး ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်တွေဝယ်ယူဖို့ ဒေါ်လာ ၂ ဒသမ ၈၄ ဘီလီယံ ထောက်ပံ့ဖို့ သဘောတူခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေဟာ ရုရှားနိုင်ငံပိုင်ငွေကြေး ဒေါ် လာ ဘီလီယံ ၃၀၀ ခန့်ကို ထိန်းချုပ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Ukraine to get $211M in military aid from France, backed by frozen Russian assets

#Ayeyarwaddy_Times