
ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဆန့်ကျင် တယ်လို့ အီရန်ခေါင်းဆောင်က အယာတိုလာခါမေနီက ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်ရဲ့ သဘောတူညီချက်ပြုလုပ်ဖို့ တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုချက်ကို အယာတိုလာခါမေနီက ပြတ်သားစွာ ငြင်း ဆန်လိုက်ပါတယ်။
နျူကလီးယားအစီအစဉ်အတွက် သဘောတူညီချက်ပြုလုပ်ဖို့ တောင်းဆိုထားတဲ့ စာတစ်စောင် ကို အီရန်နိုင်ငံသို့ ပေးပို့ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က Fox Business Network နဲ့ အင်တာဗျူးမှာ ပြော ကြားခဲ့ပါတယ်။
အီရန်နိုင်ငံနဲ့ သဘောတူညီချက်ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြော ကြားခဲ့ပြီး မကြာမီ သဘောတူညီချက်ရရှိမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေဟာ ပြည်ပအစိုးရအချို့အတွက် တောင်းဆိုချက်တွေ တွန်းအားပေးတဲ့ နည်း လမ်းတစ်ခုသာဖြစ်တယ်လို့ အယာတိုလာခါမေနီက ဆိုပါတယ်။
ယင်းသို့သောမှတ်ချက်စကားက အမေရိကန်အစိုးရရဲ့ အီရန်ဒုံးကျည်အစီအစဉ် တားဆီးမယ့် သ တိပေးချက်ဖြစ်ကာ အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အချို့ကို ထောက်ခံတာဖြစ်တယ်လို့ နား လည်ရပါတယ်။
အီရန်အရေးကို စစ်ရေးအရ သို့မဟုတ် သဘောတူညီချက်ပြုလုပ်ခြင်းဆိုတဲ့ နည်းလမ်းနှစ်ရပ်အရ ပြုလုပ်နိုင်တယ်ဆိုတာ သမ္မတ ဒေါ်နယ်ထရမ့်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဖိအားပေးမှုကို အပြင်းအထန် ဆန့်ကျင်တယ် လို့ အီရန်နိုင်ငံက ပြောပါတယ်။
ကိုးကား – NHK
Ref; Iran’s supreme leader effectively rejects Trump’s call for nuclear deal
#Ayeyarwaddy_Times