
ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်
အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲ အီလွန်မတ်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုမှာ ဝန်ထမ်းအင်အား လျော့ချရေးနဲ့ပတ်သက်လို့ အချင်းများ ခဲ့တယ်လို့ အမေရိကန်သတင်းစာတစ်စောင်က ဖော်ပြပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ခဲ့တဲ့ ကြာသပတေးနေ့ အစည်းအဝေးမှာ ဖြစ်စဉ်ကိုသိ ရှိသူ လူငါးဉီးကို ကိုးကားပြီး The New York Times က သောကြာနေ့မှာ ဖော်ပြခဲ့တာပါ။
မာကိုရူဘီယိုဟာ ဝန်ထမ်းအင်အားလျှော့ချဖို့ လျစ်လျူရှုကာ ဘယ်သူ့ကိုမှ မထုတ်ပယ်ခဲ့ဘူးလို့ အီလွန်မတ်စ်က စွပ်စွဲခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။
အီလွန်မတ်စ်ဟာ ရိုးသားဖြောင့်မတ်မှုမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၅၀၀ ကျော် ဟာ စောလျင်စွာ အငြိမ်းစားယူခဲ့ရကြောင်း မာကိုရူဘီယိုက ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တယ်လို့ သ တင်းက ဆိုပါတယ်။
အီလွန်မတ်စ်ရဲ့ဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ USAID ကို ဖျက်သိမ်းမှုအပေါ် မာကို ရူဘီယိုက ဒေါသအမျက်ထွက်ခဲ့ပြီး သူ့ရဲ့အမျက်ဒေါသက အစည်းအဝေးမှာ အီလွန်မတ်စ်အပေါ် ပုံကျခဲ့ တာလို့ The New York Times က ပြောပါတယ်။
အချင်းများမှုဟာ အချိန်ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာ ဒေါ်နယ်ထရမ့်က မာကိုရူဘီယိုအား ကာ ကွယ်ပေးပြီး ကြားဝင်ဖျန်ဖြေပေးခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။
အချင်းများမှု မဖြစ်ပွားခဲ့ဘဲ အီလွန်မတ်စ်နဲ့ မာကိုရူဘီယိုတို့ဟာ ကြီးကျယ်သောအလုပ်ကို လုပ် ဆောင်နေသူတွေလို့ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
အီလွန်မတ်စ်ရဲ့ အစိုးရအသုံးစရိတ်လျော့ချဖို့ ကြိုးပမ်းနေတဲ့နည်းလမ်းနဲ့ပတ်သက်လို့ အမေရိ ကန်အစိုးရအဖွဲ့အတွင်း မကျေနပ်မှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး သူ့ရဲ့နည်းလမ်း တွေက နိုင်ထက်စီးနင်းဖြစ်နေတယ်လို့ အချို့က ပြောပါတယ်။
ကိုးကား – NHK
Ref; Musk, Rubio clash at Cabinet meeting: NYT
#Ayeyarwaddy_Times