ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်မှု ရှင်းပြခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ကင်ဂျုံအန်ဟာ အကြီးတန်း ရေတပ်အရာရှိတွေနဲ့အတူ သင်္ဘောကျင်းတစ်ခုကို ကြည့်ရှုစစ်ဆေး ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန KCT က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရေတပ်ဖွဲ့ကို နျူကလီးယားလက်နက်ပိုင်တပ်ဖွဲ့အဖြစ် ဖော်ဆောင်ရေးဟာ တိုင်းပြည်ကာကွယ် ရေး တည်ဆောက်မှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရေတပ်အရေးပါမှုကို ဉပေက္ခာပြုထားမှာမဟုတ်ဘဲ ရန်သူတွေရဲ့ ရေ အောက်စစ်ရေး လှုပ်ရှားမှုတွေက အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ပြင်းထန်စွာ ခြိမ်းခြောက်နေ တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောနဲ့ နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း မကြာသေးမီက ဆိပ်ကမ်းဆိုက်ကပ်ခဲ့မှုကို သူက ရည်ညွှန်း ပြီး ပြောဆိုတာပါ။

နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ရေးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ၅ နှစ် ကာကွယ်ရေးအစီအစဉ်ရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။

ယခုနှစ်ဟာ အဆိုပါအစီအစဉ်ရဲ့ နောက်ဆုံးနှစ်ဖြစ်တာကြောင့် ကင်ဂျုံအန်က နျူကလီးယားရေ ငုပ်သင်္ဘောတစ်စင်း တည်ဆောက်ရေးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; North Korea media: Leader inspects building of nuclear-powered submarine

#Ayeyarwaddy_Times