ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ထိုင်ဝမ်ဟာ မည်သည့်အခါမှ တိုင်းပြည်တစ်ခု မဟုတ်ခဲ့သလို အနာဂတ်မှာ ဘယ်တော့မှ တိုင်း ပြည်တစ်ခု ဖြစ်လာမှာမဟုတ်ဖူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

“ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံတာဟာ တိုင်းပြည်ကို ပြိုကွဲစေတာဖြစ်ပြီး ထိုင်ဝမ်လွတ်လပ် ရေးကို ထောက်ခံတာဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ထိုင်ဝမ်လွတ်လပ် ရေး ကြိုးပမ်းမှုက ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူဟာ မီးနဲ့ကစားတာသာဖြစ်ပြီး ကိုယ့်ကိုကိုယ် မီးရှို့မှုဖြစ်မယ် လို့ ၎င်းက သတိပေးပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပြည်မရဲ့ ထာဝရ အစိတ်အပိုင်းတစ်ခုဆိုတာ သမိုင်းကြောင်းနဲ့ ပကတိအရှိ တရားက အတည်ပြုနေတယ်လို့ သူက ပြောပါတယ်။

အချုပ်အခြာအာဏာ အခြေခံစည်းမျည်းဟာ ကုလသမဂ္ဂပဋိညာဉ်ရဲ့ အုတ်မြစ်ဖြစ်ပြီး ဘယ်တိုင်း ပြည် သို့မဟုတ် ဘယ်ပုဂ္ဂိုလ်မှ စံနှစ်ခုမရှိသင့်ဘူးလို့ ဝမ်ယိက ထောက်ပြပါတယ်။

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အတည်ပြုခြင်းဟာ ထိုင်ဝမ်လွတ်လပ်ရေး ဘယ်လိုပုံစံကိုမဆို ဆန့်ကျင်တာဖြစ်ပြီး တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းဖို့ ဖြစ်လာရေးဟာ တရုတ်ပြည်သူတွေရဲ့ ပြင်း ပြသောဆန္ဒဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – CGTN
Ref; Chinese FM: Taiwan was never and will never be a country

#Ayeyarwaddy_Times