ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်စေတဲ့ မြန်မာစစ်ကောင်စီ အကြီးတန်း တာဝန်ရှိသူ ၁၃ ဉီးနဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မဲလာနီဂျိုလီက မတ်လ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်ငြိမ်မှုနဲ့ ဆိုးရွားလာတဲ့ အကျပ်အတည်းတွေကို လက်တုံ့ပြန်တာလို့ သိရပါတယ်။

မြန်မာပဋိပက္ခကြောင့် အရပ်သားတွေအပေါ် မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြှင့်လာမှုနဲ့အ တူ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီအပေါ် အလားတူ အစီအမံတွေ လုပ်ဆောင်ကြဖို့ ကနေဒါက ကမ္ဘာ့နိုင်ငံတွေ ကို တိုက်တွန်းပြီး မြန်မာစစ်တပ်ကို ငွေကြေး ပံ့ပိုးနေတာ ရပ်ဆိုင်းဖို့နဲ့ စစ်လက်နက်၊ နည်းပညာ လွှဲ ပြောင်းပေးတာ ရပ်တန့်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အားလုံးပါဝင်သော တာရှည်ခံသော ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကနေဒါနိုင်ငံက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဆိုပါအစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံ၌ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ရရှိဖို့နဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး အပါအဝင် သက်ဆိုင်သူတွေကို ဖိအားပေးတာတွေ ပါဝင် တယ်လို့ သိရပါတယ်။

ကိုးကား – https://www.canada.ca/en
Ref; Canada announces new sanctions against Myanmar military regime

#Ayeyarwaddy_Times