ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းတွင် မတ်လအစပိုင်းမှစတင်ကာ စစ်မှုထမ်းရန်စာရင်းပါသည်ဟုဆိုကာ ညပိုင်းတွင် လာရောက်ခေါ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

အုပ်ချုပ်ရေးမှုးများနှင့် ရဲတပ်ဖွဲ့များက ညဘက်တွင် နေအိမ်များသို့ လိုက်လံခေါ်ဆောင်နေခြင်းဖြစ်ပြီး တစ်ပတ်အတွင်းလူငယ် ငါးဦးခန့်ကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

” ကလေးတွေကိုကြိုပြောရင် ပြေးမှာစိုးလို့ထင်တာပဲ ခုက ညကြမှ အချိန်မတော် တရားခံဖမ်းသလို ပုံစံနဲ့၀င်ဆွဲနေတာ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ပုသိမ်မြို့အမှတ် ၁၀ရပ်ကွက် အမှတ် ၅ ရပ်ကွက်နှင့် ရွာသစ်ကျေးရွာတို့တွင် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်သို့ ပို့ဆောင်ခံထားရကြောင်းသိရသည်။

ယခင်က ရာအိမ်မှူးများမှ စစ်မှုထမ်းစာရင်းပါသူ လူငယ်များကို အကြောင်းကြားစာ လိုက်လံပေးပို့ရာတွင် ထွက်ပြေးတိမ်းရှောင်သူများပြားလာသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ် ဆောင်ခြင်းများ လုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

#ပုသိမ်မြို့နယ်အတွင်း #လူငယ်များကို #စစ်မှုထမ်းပါသည်ဟုဆိုကာ #ညပိုင်းတွင် #လိုက်လံခေါ်ဆောင် #Ayeyarwaddy_Times