
ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ကမ္ဘာတစ်ဝန်းမှ ထောင်ချီတဲ့လူတွေ အဓမ္မ ခိုင်းစေခံရတဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ် ငန်းတွေ တိုက်ဖျက်ရေးအစီအမံတွေကို ဆွေးနွေးမယ့် နိုင်ငံတကာညီလာခံတစ်ခု ကျင်းပရေးအတွက် ဂျ ပန်နိုင်ငံက ဉီးဆောင်ဖို့ ဝန်ကြီးချုပ် ရှီဂီရူအိုင်ရှီဘာက အဆိုပြုလိုက်ပါတယ်။
ကျားဖြန့်လူကုန်ကူးခံရသူတွေထဲမှာ ဂျပန်နိုင်ငံသားများစွာ ပါဝင်ကြောင်း၊ နိုင်ငံတကာအစည်း အဝေး ကျင်းပရေး ဉီးဆောင်ခြင်းအားဖြင့် ဂျပန်နိုင်ငံက ကျားဖြန့်တိုက်ဖျက်ရေးမှာ ခေါင်းဆောင်မှုကို ပြသင့်တယ်လို့ အိုင်ရှီဘာက လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံတွင်းရှိ တရုတ်ဂိုဏ်းတွေလုပ်ကိုင်ရာ ကျားဖြန့် လုပ်ငန်းတွေမှာ နိုင်ငံ (၂၁) ခုမှ လူပေါင်း ၆၀၀၀ ကျော် အဓမ္မ ခိုင်းစေခံနေရတယ်လို့ ထိုင်း အကျိုးအ မြတ်မဟုတ်သော အဖွဲ့အစည်းတစ်ခုက ဇန်နဝါရီလအတွင်း ပြောကြားပြီးနောက် အဆိုပါကိစ္စဟာ စိတ် ဝင်စားမှုခံနေရပါတယ်။
တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ ကမ္ဘာ့နိုင်ငံ (၂၇) ခုမှ လူပေါင်း ၇၀၀၀ ခန့်ကို လွှတ်ပေးလိုက်ပြီ လို့ မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ပြော ပါတယ်။
အသက် (၃၆) နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဉီးကို ထိုင်းနယ်စပ်အနီး ထိန်းသိမ်းခဲ့ပြီး ကျားဖြန့် လုပ်ငန်းတစ်ခုမှာ ဂျပန်နိုင်ငံသား ၂၀ ခန့် ပိတ်မိနေတယ်လို့ ယူဆရကြောင်း အဆိုပါအဖွဲ့က ပြောပါ တယ်။
ထိုင်းအာဏာပိုင်တွေဟာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ဂျပန် အထက်တန်းကျောင်းသား နှစ်ဉီးကို ကယ်ထုတ်ခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့ဟာ ၎င်းတို့နှစ်ဉီးရဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်မှုကို စုံ စမ်းစစ်ဆေးနေပါတယ်။
ကိုးကား – The Mainichi
Ref; Japan ready to lead int’l talks on Myanmar scam operations: Ishiba
#Ayeyarwaddy_Times