ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

သမ္မတ ဒေါ်နယ်ထရမ့်ဉီးဆောင်တဲ့ အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းခဲ့ယုံသာမက ထောက်လှမ်းရေးသတင်းတွေ မျှဝေမှုကို ရပ်တန့်ခဲ့တယ်လို့ CIA ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်သင့်ရှိပြီး ထရမ့်ရဲ့ဉီးဆောင်မှုနဲ့ ငြိမ်းချမ်းရေး ရစေချင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ပြန်ပြီးနောက် သူက Fox သတင်းဌာနကို အခုလို ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံသို့ စစ်ရေးနဲ့ ထောက်လှမ်းရေးအကူအညီပေးမှု ပြန်လည်စတင်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးကြား အိမ်ဖြူတော် တွေ့ဆုံမှုမှာ ကတောက်ကဆတ်ဖြစ်ပွားပြီး နောက် ဂျွန်ရတ်ကလစ်ဖ်က အခုလို ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံက ယူကရိန်းရဲ့ သတ္တုအရင်းအမြစ်တွေ ရရှိစေမယ့် သဘောတူညီချက်တစ်ရပ် ကို ခေါင်းဆောင်တွေက လက်မှတ်မထိုးခဲ့ပါဘူး။

အမေရိကန်နိုင်ငံက စေ့စပ်ညိှနှိုင်းမှုတွေ ဆက်လက်ပြုလုပ်က စစ်ရေးအကူအညီ ရပ်ဆိုင်းထားမှု ရုပ်သိမ်းဖို့ ပြန်စဉ်းစားမယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝပ်ဇ်က ပြောပါတယ်။

စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့လာရောက်ဖို့ အဆင်သင့်ရှိကြောင်း ဖော်ပြထားတဲ့ ဇီလန်စကီးထံ မှ စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ မူဝါဒမိန့်ခွန်းအတွင်း ထည့်ပြောခဲ့ ပါတယ်။

ကိုးကား – NHK
Ref; CIA chief: Suspended intelligence, military aid to Ukraine may be resumed

#Ayeyarwaddy_Times