ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ မော်တင်စွန်းဘုရားပွဲကျင်းပရာ ပုသိမ်-မော်တင်ကားလမ်းနှင့်ကျေးရွာများတွင် စစ်ကောင်စီကကင်းပုန်း၀ပ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

“မော်တင်ပွဲကို စည်စေခြင်နေတယ်ထင်တယ်။ လုံခြုံရေးကိုလည်းစိတ်မချဖြစ်နေတော့အဲ့ဒါကြောင့်ကားလမ်းတွေမှာ ကင်းပုန်းတွေ၀ပ်နေကြတာ။ မသင်္ကာစရာကားတွေတွေ့မှ ထွက်စစ်တာတွေလုပ်တာ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

မော်တင်စွန်း- ဟိုင်းကြီးလမ်းတစ်လျှောက်နှင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်သားများမှ စစ်ကြောင်းထိုးကင်းလှည့်ခြင်းများ ရှိနေပြီး ညစဥ်ဧည့်စာရင်း စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများမှပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီတပ်သား အင်အားတစ်ရာခန့်က ငါးပြေမကျေးရွာနှင့် ကညင်ချောင်းကျေးရွာများတွင် နှစ်ပါတ်ခန့် စခန်းချ နေထိုင်သွားသေးကြောင်း သိရသည်။

မော်တင်စွန်းဘုရားပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင်ခဲ့ရာ မတ် ၁၃ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ဘုရားနှင့်ကမ်းခြေတစ်လျှောက်တွင် ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့၀င်အင်အားအများအပြား ချထားကြောင်း သိရသည်။

#မော်တင်စွန်းဘုရားပွဲ #အနီးကျေးရွာများ #ကားလမ်းများ #ကင်းပုန်း၀ပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times