ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

မြောက်ကိုရီးယားစစ်သား ၁၅၀၀ ဝန်းကျင်ကို ရုရှားနိုင်ငံအနောက်ပိုင်းသို့ ထပ်မံ စေလွှတ်လိုက် ပြီလို့ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဉီးက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားအာဏာရပါတီ People Power Party မှ လွှတ်တော်အမတ် ယူယောင်ဝန်က ယ နေ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားသို့ စေလွှတ်တာကို ကြေညာခဲ့တာပါ။

ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ခိုင်လိုဘူဒါနော့ဗ်၊ အခြားတာဝန်ရှိသူတွေနဲ့ အစည်းအဝေးကို ကိုးကားပြီး သူက ပြောဆိုခဲ့တာပါ။

ယူကရိန်းစစ်တပ်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိရာ ကာတ်စ်ဒေသ မှာ ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့် စေလွှတ်ခဲ့တယ်လို့ သိ ရပါတယ်။

ဖေဖော်ဝါရီလနောက်ပိုင်း ကာတ်စ်ဒေသအနီး အသင့်အနေအထားရှိဖို့ ထပ်တိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၅၀၀ ခန့်ဟာ ရုရှားနိုင်ငံအရှေ့ဖျားရှိ ဒေသ (၅) ခုမှာ လေ့ကျင့်နေ တယ်လို့ သူက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားစစ်သား ၄၀၀ ခန့် ကျဆုံးခဲ့ပြီး ၃၆၀၀ ခန့် ဒဏ်ရာရရှိကာ ၃၀၀ ကို ဆေးကုသ ပြီး ရှေ့တန်းသို့ ပြန်လွှတ်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးက အကြောင်းကြားခဲ့ကြောင်း ယူ ယောင်ဝန်က ပြောပါတယ်။

ရုရှားနိုင်ငံအတွက် တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ဇန်နဝါရီလအတွင်း ယာယီ ဆုတ်ခွာစေခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းမှစကာ မြောက်ကိုရီးယားနိုင်ငံက ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်ဖွဲ့ ဝင်တွေ ထပ်မံ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးတပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – NHK
Ref; 1,500 more North Korean soldiers sent to Russia, South Korean lawmaker says

#Ayeyarwaddy_Times