ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ ဆက်လက် အရှိန်မြှင့်နေပြီး စာသင်ကျောင်း တွေနဲ့ ဆေးရုံတွေဟာ ပစ်မှတ်ထားခံနေရတယ်လို့ ၅၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအ ဝေးမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အီလီယာနော်ဆန်ဒါစ်က ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာ ခဲ့ပြီး အပြစ်မဲ့ အရပ်သားတွေအပေါ် စက်ဆုပ်ဖွယ်ရာ တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုမရှိဘူးလို့ ဗြိ တိန်နိုင်ငံခြားရေး၊ ဓနသဟာယရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက မတ်လ ၃ ရက်မှာ ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လိင်အခြေခံ အကြမ်းဖက်မှုတွေ တိုးလာတာက ဗြိတိန်နိုင်ငံကို အထိတ်တလန့်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က အရပ်သားတွေကို ကာကွယ်ပေးရမှာဖြစ် ကြောင်း၊ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်ဖို့နဲ့ မတရား ထိန်းသိမ်းထား သူတွေကို လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ သန်း ၂၀ ခန့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး အဟန့်အ တားမရှိ ဘေးကင်းစွာနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံဟာ ယခုနှစ်မှာ မြန်မာနိုင်ငံသို့ စတာလင်ပေါင် ၆၆ သန်းကျော် တန်ကြေးရှိ အကူအ ညီ ပေးအပ်မှာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရတဲ့သံသရာကို ချိုးဖျက်ရမှာ ဖြစ်ကြောင်း အီလီယာနော်ဆန်ဒါစ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ လုပ်ဆောင်ချက်ကို ဗြိ တိန်နိုင်ငံက ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်၊ လေယာဉ် ဆီနဲ့ စစ်ဘက်ကိရိယာရလမ်းကို ပစ်မှတ်ထားတဲ့ ၁၉ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တယ် လို့ အီလီယာနော်ဆန်ဒါစ်က ဆိုပါတယ်။

ကိုးကား – https://www.gov.uk/government
Ref; UN Human Rights Council 58: UK Statement at the Interactive Dialogue on the High Commissioner’s Report on Myanmar

#Ayeyarwaddy_Times