ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပြီး တိတ်တခိုးသူလျှိုတွေနဲ့ ထိုင်ဝမ်လူ့အသိုင်းအဝိုင်းကို သွေးခွဲဖို့ကြိုးစားနေတယ်လို့ သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

တရုတ်နိုင်ငံစာ ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်မယ့် ရည်မှန်းချက်ကို ဘယ်တော့မှ မစွန့်လွှတ် ပဲ တရုတ်အစိုးရဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ၎င်းက အခမ်းအနားတစ်ခုမှာ ပြောပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်လူ့အသိုင်းအဝိုင်းကို သွေးခွဲဖို့ ဂိုဏ်းသားတွေ၊ ရုပ်သံပညာရှင်တွေ၊ နိုင် ငံရေးသမားတွေနဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေ အပါအဝင် ထိုင်ဝမ်မှာ တိတ်တခိုးသူလျှိုတွေ စုဆောင်း နေတယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ဒေသတွင်း စစ်ရေးခြိမ်းခြောက်မှုတွေ အရှိန်မြှင့်နေပြီး နိုင်ငံတကာအသိုင်းအ ဝိုင်းမှာ အကြီးမားဆုံး ဒုက္ခပေးသူလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ကာကွယ်ဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းဖို့ တပ်ဖွဲ့အင်အား တိုးချဲ့နေတယ်လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အနီး ကျည်အစစ်ပစ်ခတ်ဇုန်တစ်ခု ရုတ်တရက် ထူထောင်တဲ့သတင်းတွေ ကို အမေရိကန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဉီးက ပြောပါတယ်။

“ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေ အဆက်မပြတ် ပြုလုပ်နေမှုက မတည်မငြိမ် ဖြစ်စေပြီး ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Taipei Times
Ref; China is the main threat to Taiwan’s sovereignty, democracy: Lai
#Ayeyarwaddy_Times