
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၄ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီပေးပို့မယ့် သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြေညာလိုက်ပါ တယ်။
အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၁၂ ဘီလီယံနီးပါး တန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အမေရိကန် အစိုးရက အတည်ပြုခဲ့တယ်လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ခြိမ်းခြောက်မှုတွေကိုတန်ပြန်မယ့် အစီအမံတွေ အပါအဝင် အစ္စရေးသို့ အမေရိကန်ရဲ့ ရေရှည် ပံ့ ပိုးပေးမယ့် အစီအစဉ်တွေကိုလည်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
အစ္စရေးသို့ လုံခြုံရေးအကူအညီ ဆက်ပေးမယ်လို့ ၎င်းက ကတိပြုခဲ့ပြီး ခြိမ်းခြောက်မှုတွေကို တန်ပြန်မယ့် အစီအမံတွေအပါအဝင် ရေရှည်အကူအညီပေးမယ်လို့ ဆိုပါတယ်။
ဗုံးတွေ၊ မိုင်းဖျက်ကိရိယာတွေနဲ့ အခြားစစ်လက်နက်တွေ အပါအဝင် အစ္စရေးသို့ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တေွ ရောင်းချမယ့်အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည် ပြုခဲ့တယ်လို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ပြည်ပအကူအညီပေးမှုကို သိသိသာ သာ လျှော့ချခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား ဇန်နဝါရီလ ၁၉ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဟာ ၁၅ လကြာ တိုက်ပွဲတွေ အဆုံးသတ်စေခဲ့ပြီး စစ်ပွဲ ရပ်တန့်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လမ်းခင်း ပေးခဲ့ပါတယ်။
သဘောတူညီချက်ကြောင့် ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံ ၃၃ ဉီးနဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ ဝန်းကျင် လွတ်မြောက်pခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US approves $4 Billion in military aid to Israel
#Ayeyarwaddy_Times