ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

ရန်ကုန်မြို့နေ ပြည်သူများ သိသာစွာခံစားလိုက်ရသော အင်အားရစ်(ခ်)တာ‌စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုယနေ့ မနက်တွင် လှုပ်ခတ်သွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၏ အရှေ့တောင်ဘက် ခုနှစ် မိုင်အကွာ၌ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍
စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းသိရသည်။

“ငလျင်လှုပ်တာခေါင်းပါမူးသွားတယ်။ တော်တော်လေးသိသာတယ်။ တိုက်တွေလှုပ်သွားတယ်။ အိမ်ထဲကပစ္စည်းတွေလှုပ်သွားတယ် ” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းငလျင်ပြတ်ရွေ့ထဲတွင် ရန်ကုန်တိုင်းမပါဝင်သော်လည်း ကီလိုမီတာ ၂၀ အကွာတွင်တည်ရှိသဖြင့် ငလျင်ဒဏ်အနည်းနှင့်အများခံစားရမည်ဖြစ်ကြောင်း ငလျင်ပညာရှင်တစ်ဦးက ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့‌ကြောသည်တစ်နှစ်လျှင် နှစ်စင်တီမီတာနှုန်းဖြင့်ရွေ့လျားနေခြင်းဖြစ်သည်။

‌ဓာတ်ပုံ – စစ်ကောင်စီ မိုး/ဇလ
#ရန်ကုန် #ငလျင်လှုပ် #မြို့ခံ #လူထုသိသာ
#Ayeyarwaddy_Times