ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာအိတ်များပေးပိုပြီး ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့မှ စစ်မှုထမ်းစာရင်းသွင်းရန် အကြောင်းကြားစာအိတ်များကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ပေးခိုင်းပြီး စာရင်းပါသူများကို လေးလအတွင်း ခရီးသွားခွင့်မပြု​ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ရွာမှာဆိုစာအိတ် ငါးအိတ် ရောက်တယ်။ အဲ့မှာပါတဲ့လူငယ်တွေကို မြို့နယ်ရုံးကို ခေါ်တယ်၊ ခေါ်တဲ့အချိန် စစ်မှုထမ်းမယ်ဆိုပြီးခံ၀န်ထိုးရတယ်။ ခရီးထွက်ခွင့်လည်းမပေးတော့ဘူး။ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်မှုထမ်းရန် အကြောင်းကြားခြင်းခံရသော မိသားစု၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယခင်က စစ်မှုထမ်းခေါ်ရန် သတ်မှတ်ခံထားရသည့် ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လူစားထိုးရန်ငွေကြေးကေက်ခံပြီး ဖြေရှင်းခဲ့သော်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး မြို့နယ်မှ စာအိတ်ဖြင့်တိုက်ရိုက်စာရင်းသွင်းသည့်စနစ်ကို ပြောင်းလဲလာကြောင်းသိရသည်။

စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းမြို့နယ်အချို့တွင် လူငယ်များကို အကြောင်းမကြားပဲ အဓမ္မဝင်ရောက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

#ဧရာဝတီတိုင်း #စစ်မှုထမ်း #အမည်စာရင်းပါသူများ
#လူငယ်အချို့ #ခရီးသွားလာခွင့်ပိတ်ပင်
#Ayeyarwaddy_Times