
ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
မြန်မာစစ်တပ်နဲ့ KNLA တပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ဒေသခံတွေ အစုလိုက်အပြုံ လိုက် ထွက်ပြေးကြလို့ ထိုင်းဘက်ခြမ်းရှိ ပြည်သူတွေ အန္တရာယ်ဖြစ်စေခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိသူ တွေက ပြောပါတယ်။
ထိုင်းစစ်တပ်မှ ရဟတ်ယာဉ်တစ်စင်းဟာ စနေနေ့က တက်ခ်ပြည်နယ်၊ နောင်ဘွားရွာမှာ မြန်မာ နယ်စပ် ဆန်းစစ်လေ့လာချက်တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
အဆိုပါလေ့လာမှုကြောင့် မြန်မာစစ်တပ်ကို KNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ပတ်ဝန်းကျင်ဧရိ ယာတွေမှာ ကြောက်ရွံ့မှုတွေ ဖြစ်စေခဲ့ပါတယ်။ တိုက်ပွဲဟာ နောင်ဘွားရွာမှ မီတာ ၈၀၀ အကွာမှာ ဖြစ် ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက်စေခဲ့ပြီး ထိုင်း နိုင်ငံတွင်း ပြည်သူတွေ စစ်ရှောင်လာမှာကို ထိုင်းစစ်တပ်က စိုးရိမ်နေတယ်လို့ ဗိုလ်ချုပ် မိုင်ထရီချူပရီချာ က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ၅၄၅ ဉီး ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ကာ ယာယီ ဘေးကင်းဇုန်နှစ်ခုမှာ ခိုလှုံခဲ့ပါတယ်။
ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုက္ခသည်တွေကို ကူညီကာ လူသားချင်းစာနာမှု အကူ အညီတွေ ထောက်ပံ့ပေးနေပါတယ်။
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူတွေကို နေရပ်ပြန်ပို့ဖို့ ထိုင်းလုံခြုံ ရေးအာဏာပိုင်တွေ အခက်အခဲတွေရှိနေစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ဇန်နဝါရီလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ပအကူအညီပေးမှုတွေ ရပ်ဆိုင်းခဲ့ ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ ထောင်ချီတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းတွေကို ပိတ်သိမ်းခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Over 500 Myanmar refugees fleeing clashes enter Thailand
#Ayeyarwaddy_Times