ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်

ဘဲဉပုံခန်းမမှာ အခြေအတင်အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ယူကရိန်းသမ္မတ ဇီလန်စကီးက သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းပန်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးနောက် ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို တောင်းပန်သင့်တယ်လို့ ယူဆသ လားလို့ CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ မေးမြန်းခဲ့ရာ “ကျွန်တော်က တောင်းပန်သင့်တယ်လို့ ထင် ပါတယ်” လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။

“ခင်ဗျားတို့က အဆုံးသတ်ပဲ မြင်တွေ့ခဲ့တာပါ။ ပြဿနာဖြစ်ပွားစေတဲ့ အကြောင်းအရာအားလုံး ကို ခင်ဗျားမှ မမြင်တွေ့တာ” လို့ ဒေါ်နယ်ထရမ့်-ဇီလန်စကီး တွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ သူက ဆိုပါ တယ်။

ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို တောင်းပန်ဖို့ သူက တိုက်တွန်းခဲ့ပြီး ဇီလန်စကီးဟာ ရန်လိုသူ တစ်ဉီးလို့ စွပ်စွဲလိုက်ပါတယ်။

FOX သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို တောင်းပန်သင့်သလားဆို တဲ့မေးခွန်းကို တိုက်ရိုက် မဖြေကြားခဲ့ပဲ အမှားအယွင်းမလုပ်ခဲ့ဖူးလို့ ပြောပါတယ်။

အကြမ်းဖျင်းအားဖြင့် ၁၀ မိနစ်ကြာတဲ့ ဒေါ်နယ်ထရမ့်-ဇီလန်စကီး တွေ့ဆုံမှုဟာ သဘောတူညီ မှုမရဘဲ ပြီးဆုံးခဲ့ပြီး ဇီလန်စကီးဟာ သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ မ တက်ရောက်ပဲ အိမ်ဖြူတော်မှ ထွက်ခွာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်က ရုရှားကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ခေါ်ဆောင်ဖို့ဆိုတာ ကျွန် တော်တို့ ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရနိုင် မရနိုင် ကျွန်တော်တို့ ကြိုးပမ်းလိုပါ တယ်” လို့ မာကိုရူဘီယိုက ပြောပါတယ်။

ဇီလန်စကီးဟာ ဒေါ်နယ်ထရမ့်ရဲ့ သံတမန်နည်းဗျူဟာကို တွန်းအားပေးဖို့ ဝါရှင်တန်ခရီးစဉ်ကို အသုံးချခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဇီလန်စကီးရဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ အင်တင်တင်ဖြစ်မှုက စစ်ပွဲအဆုံးသတ်လိုတဲ့ သူ့ရဲ့ ဆန္ဒနဲ့ပတ်သက်လို့ သံသယတွေဖြစ်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်မယ့် မဟာဗျူဟာမရှိဘူးလို့ ၎င်းက ဝေ ဖန်လိုက်ပါတယ်။ “ဒီည ယူကရိန်းမှာ ပြည်သူတွေ သေဆုံးပါလိမ့်မယ်။ ကျွန်တော်တို့ ယူကရိန်းစစ်ပွဲ အ ဆုံးသတ်ဖို့ ကြိုးစားနေပါတယ်” လို့ မာကိုရူဘီယိုက ပြောပါတယ်။

ကိုးကား – Anadolu
Ref; Rubio says Zelenskyy owes Trump apology after Oval Office clash

#Ayeyarwaddy_Times