ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းဖြစ်ပွားနေတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ စီးပွားရေးပြိုလဲမှုတွေရဲ့ဒဏ်ကို စစ်ဘေးရှောင်ပြည်သူတွေ ကြုံတွေ့ နေရတယ်လို့ ၎င်းက ဆိုပါတယ်။

“ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာမှုနဲ့ စီးပွားရေးပြိုလဲမှုတွေက မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူတွေကို နာ ကျင်မှုတွေ ဖြစ်စေခဲ့ပြီး အရပ်သားတွေဟာ ကြောက်မတ်ဖွယ်ရာ ပေးဆပ်နေရပါတယ်” လို့ သူက ပြော ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်သောနည်းဗျူဟာတွေ၊ မီးရှို့မှုနဲ့ လူသားဒိုင်းကာအသုံးပြုမှုတွေကို လည်း ဗော်လ်ကာတပ်ခ်က ရှုတ်ချခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၂၀၀၀ နီးပါး စစ် ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

လူငယ်တွေကို ပစ်မှတ်ထားပြီး အဓမ္မ ဖမ်းဆီးမှုနဲ့ စုဆောင်းမှုဖြစ်စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်မှု ထမ်းဥပဒေ အသက်သွင်းမှုကိုလည်း ၎င်းက ရှုတ်ချခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့တာကြောင့် လူငယ်အများစုဟာ တိုင်းပြည်ကိုစွန့်ခွာကြပြီး လူ မှောင်ခိုကူးမှုနဲ့ အမြတ်ထုတ်မှုကို ဖြစ်စေပါတယ်။

“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးသက် ရောက်မှုတွေက ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေလို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ဖြေရှင်း နိုင်ရေး ပိုမို လုပ်ဆောင်ရပါမယ်” လို့ သူက မီးမောင်းထိုးပြခဲ့ပါတယ်။

မြန်မာပြည်သူတွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရေး လေယာဉ်ဆီနဲ့ စစ်လက်နက်တွေ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုနဲ့အတူ လက်နက်တင်ပို့မှု ပိတ်ပင်ဖို့ ၎င်းက တောင်းဆိုခဲ့ပါ တယ်။

မြန်မာစစ်ခေါင်းဆောင်တွေ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံစေဖို့ ICC နဲ့ ICJ မှာ ကြိုးပမ်း နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; ‘A litany of human suffering’ in Myanmar, warns UN rights chief

#Ayeyarwaddy_Times