
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်မှာ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မ လေးရှားနိုင်ငံရဲ့ မဆုတ်မနစ်သော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ပါလက်စတိုင်းနဲ့မြန်မာ့ အရေးတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
မိုဟာမက်ဟတ်ဆန်ဟာ အဆိုပါအစည်းအဝေးမှာ အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး အရေးကြီးတဲ့ကိစ္စရပ်တွေကို နိုင်ငံတကာက အရေးယူဖို့ အရေးကြီးတာကို ထောက်ပြခဲ့ပါတယ်။
အစ္စရေးနိုင်ငံရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုနဲ့ အရပ်သား သေဆုံးမှုတွေဖြစ်စေခဲ့တဲ့ လူမျိုး သုဉ်းသတ်ဖြတ်မှုကို မလေးရှားနိုင်ငံက ရှုတ်ချတယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးမယ့် ပတ်ဝန်းကျင်ကောင်း ဖန်တီးဖို့ သူက တောင်း ဆိုခဲ့ပြီး ပဋိပက္ခဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်က အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေးနဲ့ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ကိုင်တွယ်ဖြေရှင်းရာမှာ ကုလသမဂ္ဂ၊ အခြား လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်မယ့် ကတိကဝတ်ကို မိုဟာမက်ဟတ်ဆန်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ၊ စွမ်းရည်မြှင့်တင်မှုအစီအစဉ်တွေမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှာ လူ့ အခွင့်အရေးကာကွယ်မှု မြှင့်တင်မယ့် မလေးရှားနိုင်ငံရဲ့ ကတိကဝတ်ကိုလည်း ၎င်းက အတည်ပြုခဲ့ပါ တယ်။
မျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု လုပ်ပိုင်ခွင့်စောင့်ထိန်းတဲ့ လူ့အခွင့်အရေးကောင်စီဟာ ပို မိုထိရောက်သော၊ တာဝန်သိသော အဖွဲ့အစည်းဖြစ်ဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Bernama
Ref; Foreign minister renews Malaysia’s call for action on Palestine, Myanmar at UN Human Rights Council
#Ayeuarwaddy_Times